Artemis II  အာကာသယာဉ် စံချိန်သစ်တင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်။ 

လကမ္ဘာသို့ ခရီးနှင်နေသည့် NASA ၏ Artemis II အာကာသယာဉ်သည် ၁၉၇၀ ပြည့်နှစ်က Apollo 13 တင်ခဲ့သည့် အဝေးဆုံးခရီးစဉ် စံချိန်ကို ကျော်ဖြတ်ကာ လူသားတို့ ကမ္ဘာမြေမှ အဝေးဆုံးသို့ ရောက်ရှိသည့် မှတ်တမ်းသစ်ကို ဧပြီလ ၆ ရက်နေ့တွင် တင်နိုင်ခဲ့သည်။

Artemis II သည် ကမ္ဘာမြေမှ ကီလိုမီတာပေါင်း ၄၀၆,၇၈၈ (၂၅၂,၇၆၀ မိုင်) အကွာအဝေးအထိ ရောက်ရှိမည်ဖြစ်ကာ ယခင် Apollo 13 ၏ ၄၀၀,၁၇၁ ကီလိုမီတာ စံချိန်ကို ကျော်လွန်သွားခြင်း ဖြစ်သည်။ 

အာကာသယာဉ်မှူး ၄ ဦး ပါဝင်သော အဖွဲ့သည် လ၏ တစ်ဖက်ခြမ်းကို ပတ်၍ ပျံသန်းရင်း မျက်နှာပြင်လေ့လာရေးလုပ်ငန်းများကို ၆ နာရီကျော်ကြာ လုပ်ဆောင်မည်ဖြစ်သည်။

အဖွဲ့ခေါင်းဆောင် Reid Wiseman နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပထမဆုံးသော လူမည်းအာကာသယာဉ်မှူး၊ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးနှင့် ပထမဆုံးသော ကနေဒါနိုင်ငံသား အာကာသယာဉ်မှူးတို့ ပါဝင်ပြီး ယခုခရီးစဉ်သည် ၂၀၂၇ နှင့် ၂၀၂၈ ခုနှစ်တို့တွင် ပြုလုပ်မည့် လပေါ်ခြေချရေး ခရီးစဉ်များအတွက် အဓိကပြင်ဆင်မှုများ လုပ်ဆောင်ရန် ဖြစ်သည်ဟု နာဆာက ဆိုသည်။