အီရန်အရပ်သားများ “လူသားတံတိုင်း” ခတ်၍ အရေးကြီး အဆောက်အအုံများအား ကာကွယ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက အီရန်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို ဗုံးကြဲဖျက်ဆီးမည်ဟု ရာဇသံပေးခဲ့ပြီးနောက် အီရန်အရပ်သားများသည် “လူသားတံတိုင်း (Human Chain)” ပြုလုပ်၍ ခုခံကာကွယ်ခဲ့ကြသည်။

အီရန်အစိုးရ၏ တိုက်တွန်းနှိုးဆော်ချက်အရ နိုင်ငံတစ်ဝန်းရှိ အရေးကြီးသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြစ်သည့် Kermanshah ပြည်နယ်ရှိ Bisotun စက်ရုံ၊ Mazandaran ရှိ စက်ရုံနှင့် နိုင်ငံ၏ အကြီးဆုံးစက်ရုံဖြစ်သော Shahid Rajaee တို့တွင် ကလေးငယ်များအပါအဝင် အရပ်သားများက လက်ချင်းချိတ်ကာ ဝိုင်းရံစောင့်ကြပ်နေကြသည်။ 

၎င်းတို့သည် “စွမ်းအင်ကဏ္ဍကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်သည်” ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။