တရုတ်နိုင်ငံခြားရေး ဝန်ကြီးက နယ်မြေတည်တံ့ရေး အာမခံ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ရပ်တည်မှုနှင့် တည်ငြိမ်မှုအပေါ် တရုတ်၏ အာမခံချက်ကို အဓိကထားပြီး ပြောကြားခဲ့သည်ဟု တရုတ် အစိုးရပိုင် CGTN သတင်းဌာနက ဖော်ပြသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်တွင်းတည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း CGTN သတင်းတွင် ဖော်ပြသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားပြီး ပြင်ပစွက်ဖက်မှုမရှိဘဲ ရပ်တည်နိုင်ရေးအတွက် ခိုင်မာစွာ ထောက်ခံသွားမည်ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ 

ထို့အပြင် မြန်မာနိုင်ငံ နယ်မြေအစိတ်အပိုင်းများ ပြိုကွဲမသွားစေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိစေရန် တတ်နိုင်သမျှ ကူညီသွားမည်ဟု ကတိပြုခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌကလည်း “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို ဆက်လက်ထောက်ခံပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ 

ထို့အပြင် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများအား နှိမ်နင်းရန်နှင့် တရုတ်ဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံရန် ကတိပြုခဲ့သည်။ ဝမ်ယိသည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ ခရီးစဉ်များအပြီးတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။