ကလေးငယ်များ၏ လူမှုကွန်ရက်သုံးစွဲမှုကို EU ကန့်သတ်မည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။ 

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၂၇ နိုင်ငံလုံးရှိ ကလေးငယ်များ၏ လူမှုကွန်ရက် (Social Media) သုံးစွဲခွင့်ကို အဆင့်အလိုက် ကန့်သတ်ပိတ်ပင်သွားရန် ဥရောပသမဂ္ဂက စတင်ပြင်ဆင်နေပြီဖြစ်သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ ယူဆူလာ ဗွန်ဒါလေယန် တင်ပြခဲ့သည့် ပညာရှင်များ၏ အစီရင်ခံစာအရ အသက် ၁၃ နှစ်အောက် ကလေးငယ်များသည် မိဘ သို့မဟုတ် ဆရာ/ဆရာမများ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင်သာ လူမှုကွန်ရက်ကို အချိန်အကန့်အသတ်ဖြင့် သုံးစွဲခွင့်ရရှိမည်ဖြစ်သည်။ 

အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း လျှော့ချပေးသွားမည်ဖြစ်သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌက  ကလေးတွေ အွန်လိုင်းမှာ အန္တရာယ်ရှိနေသလားဆိုတဲ့ မေးခွန်းထက်၊ သူတို့ကို ပိုမိုဘေးကင်းတဲ့ အွန်လိုင်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာက ပိုအရေးကြီးသည် ဟု ပြောကြားခဲ့သည်။ 

ဥရောပကော်မရှင်အနေဖြင့် ဤကိစ္စနှင့်ပတ်သက်သော ခိုင်မာသည့် ဥပဒေမူကြမ်းကို လာမည့် စက်တင်ဘာလအတွင်း တရားဝင်တင်သွင်းသွားရန် ရှိနေသည်။

အဆိုပါ ကန့်သတ်ပိတ်ပင်မှုတွင် စွဲလမ်းစေသည့် အင်္ဂါရပ်များပါဝင်သော TikTok၊ YouTube၊ Instagram နှင့် Facebook ကဲ့သို့ နာမည်ကြီး ပလက်ဖောင်းများအားလုံး အဓိကပါဝင်မည်ဖြစ်သည်။ 

လက်ရှိတွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း ကလေးငယ်များ၏ လူမှုကွန်ရက်သုံးစွဲမှုကို ကန့်သတ်ပိတ်ပင်ရန် ဆောင်ရွက်လျက်ရှိသည်။