တရုတ် ဟာဝေးကုမ္ပဏီကို ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန် တရားစွဲဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် ဟာဝေး (Huawei) သည် ကမ္ဘာ့ဆက်သွယ်ရေးကဏ္ဍတွင် ထိပ်တန်းရောက်ရှိရေးအတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန် ကုမ္ပဏီများထံမှ နည်းပညာနှင့် လျှို့ဝှက်ချက်များကို မသမာသည့်နည်းဖြင့် ခိုးယူခဲ့ကြောင်း အမေရိကန် တရားရေးဌာန ရှေ့နေက နယူးယောက်မြို့ တရားရုံးတွင် စတင် စွပ်စွဲပြောဆိုလိုက်သည်။

ထို့ပြင် အီရန်နိုင်ငံတွင်း စီးပွားရေးလုပ်ဆောင်မှုကို ဖုံးကွယ်ရန် အမေရိကန် ဘဏ်စနစ်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်းပါ စွပ်စွဲထားသည်။

ဟာဝေးဘက်မှ ရှေ့နေများက ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြသည်။  

သာမန် ဝန်ထမ်းအချို့၏ လွဲမှားသည့် ပြုလုပ်မှု အသေးအဖွဲများကို အစိုးရဘက်က ရာဇဝတ်မှုအဖြစ် ပုံဖော်နေခြင်းဖြစ်ကြောင်းနှင့် ဟာဝေး၏ အောင်မြင်မှုမှာ နည်းပညာသစ်များ ကြိုးစားဖန်တီးမှုကြောင့်သာ ဖြစ်ကြောင်း တုံ့ပြန်ချေပခဲ့သည်။

၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် အဆိုပါ အမှုစစ်ဆေးရေး လုပ်ငန်းစဉ်သည် ၃ လခန့် ကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။