ပင်လယ်ကူး သင်္ဘောပေါ်နေထိုင်သူများ ကမ္ဘောဒီးယား၌ သောင်တင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
လောင်စာဆီစရိတ် မြင့်တက်လာမှုကြောင့် ကမ္ဘာအနှံ့ လှည့်လည်ပြေးဆွဲနေသည့် “Villa Vie Odyssey” ပင်လယ်ကူး သင်္ဘောသည် ခရီးစဉ်များကို ရပ်ဆိုင်းလိုက်ရပြီး ခရီးသည် ရာပေါင်းများစွာ ကမ္ဘောဒီးယားနိုင်ငံ၌ သောင်တင်လျက် ရှိသည်။
အာရှဒေသတွင်း သင်္ဘောတစ်ခန်းစာ လစဉ် လောင်စာဆီ ကုန်ကျစရိတ်မှာ ပုံမှန် ဒေါ်လာ ၁,၈၀၀ မှ ဒေါ်လာ ၈,၀၀၀ အထိ မြင့်တက်သွားခြင်းကြောင့် လုပ်ငန်းစဉ်များ ဆက်လက် မလည်ပတ်နိုင်တော့ဘဲ ခရီးသည် ၂၀၃ ဦးနှင့် သင်္ဘောအဖွဲ့သား ၁၅၆ ဦးတို့အား သီဟနုဗီးလ် ဆိပ်ကမ်းတွင် သင်္ဘောပေါ်မှ ဆင်းပေးရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
သင်္ဘောကုမ္ပဏီဘက်က ခရီးသည်များအတွက် ယာယီ တည်းခိုရေး စီစဉ်ပေးထားပြီး လာမည့် ရက် ၆၀ အတွင်း ဘဏ္ဍာရေး ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။