လူတစ်ဦးချင်းစီအတွက် သီးသန့် အစွမ်းထက် ကင်ဆာဆေးသစ် စမ်းသပ်မှု အောင်မြင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
မယ်လနိုးမား (Melanoma) ခေါ် ပြင်းထန် အရေပြားကင်ဆာ ဝေဒနာရှင်များအတွက် လူတစ်ဦးချင်းစီ၏ ဗီဇအချက်အလက်အပေါ် မူတည်၍ သီးသန့်ထုတ်လုပ်ထားသည့် mRNA ကင်ဆာ ကာကွယ်ဆေးသစ်သည် ရောဂါပြန်လည်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းကို ၄၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း နောက်ဆုံးအဆင့် စမ်းသပ်မှု ရလဒ်များက ဖော်ပြသည်။
Moderna နှင့် Merck ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် “အင်တစ်စမေရန် (Intismeran)” ကာကွယ်ဆေးသည် လူနာ၏ ကင်ဆာအကျိတ်မှ မျိုးရိုးဗီဇ (Genomic Data) ကို ရယူကာ သီးသန့် ဖန်တီးရခြင်း ဖြစ်သည်။
ခွဲစိတ်ပြီးနောက် ကျန်ရှိနေသည့် ဆဲလ်အကြွင်းအကျန်များကို ကိုယ်ခံအားစနစ်နှင့် ပူးပေါင်း၍ သုတ်သင်ပေးသည့် စနစ်ဖြစ်သည်။
၂ နှစ်တာ စမ်းသပ်ချက်အရ ပုံမှန်ဆေးဝါးတစ်မျိုးတည်း သောက်သုံးသူများထက် အဆိုပါ mRNA ကာကွယ်ဆေးပါ တွဲဖက်ထိုးနှံသူများတွင် ရောဂါပြန်လည် မဖြစ်ပွားဘဲ သက်သာသူ ပိုမိုများပြားကြောင်း တွေ့ရှိရသည်။
လူ တစ်ဦးချင်းစီအတွက် ထုတ်လုပ်ရသောကြောင့် ကုန်ကျစရိတ်နှင့် အမြောက်အမြား ထုတ်လုပ်နိုင်ရေးအတွက် စိန်ခေါ်မှုများ ရှိနေသေးသော်လည်း ကင်ဆာ ကာကွယ်ဆေး ကဏ္ဍအတွက် ကြီးမားသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။