မဲဆောက်တွင် တရားမဝင် သယ်ဆောင်လာသော ရှားပါး ပင်ဒါနီတကောင်ကို တွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
မဲဆောက်မြို့နယ်၌ ရှားပါး ပန်ဒါနီတစ်ကောင်ကို တရားမဝင် သယ်ဆောင်လာသည့် လူ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။
မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ရဲစစ်ဆေးရေးဂိတ်တစ်ခုတွင် အကာအကွယ်ပေးထားသည့် ရှားပါးတောရိုင်းတိရစ္ဆာန် “ပန်ဒါနီ” (Red Panda) တစ်ကောင်ကို တရားမဝင် သယ်ဆောင်လာသည့် အမျိုးသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်သည်။
ပစ်ကပ်ကားတစ်စီးကို စစ်ဆေးစဉ် တရားဝင် လက်ဝယ်ထားရှိခွင့် အထောက်အထား မပြသနိုင်သည့်အတွက် တောရိုင်းတိရစ္ဆာန် တရားမဝင် လက်ဝယ်ထားရှိမှုဖြင့် မဲဆောက်ရဲစခန်းတွင် အမှုဖွင့်ထားသည်။
ပန်ဒါနီများသည် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသော နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ စာချုပ် (CITES) ၏ အမြင့်ဆုံး အဆင့်တွင် ပါဝင်ပြီး စီးပွားဖြစ် ရောင်းဝယ်ခွင့် လုံးဝတားမြစ်ထားသည်။
ဖမ်းဆီးရမိသည့် ပန်ဒါနီကို မဲဆောက် တောရိုင်းတိရစ္ဆာန် စစ်ဆေးရေးဂိတ်၏ စောင့်ရှောက်မှုအောက်သို့ လွှဲပြောင်းပေးထားသည်။
ပန်ဒါနီမျိုးစိတ်များကို တရုတ်၊ နီပေါ၊ အိန္ဒိယ၊ ဘူတန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တို့ရှိ သဘာဝတောတောင်များတွင် တွေ့ရှိရလေ့ရှိသည်။