တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် လူထုဆန္ဒပြပွဲကြောင့် မဏိပူ မြို့တော် အင်ဖားရပ်ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မြို့တော် အင်ဖာ (Imphal) တွင် စာသင်ကျောင်းများ၊ ကောလိပ်များနှင့် စျေးများ ပိတ်ထားရသည့်အထိ အတိုင်းအတာကြီးမားသော လူထုဆန္ဒပြပွဲကြီးတစ်ခုကို အောက်တိုဘာ ၃၁ ရက်က ပြုလုပ်ခဲ့ကြသည်။

မဏိပူရ်ညီညွတ်ရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (COCOMI) က ဦးဆောင်သည့် အဆိုပါ ဆန္ဒပြပွဲတွင် မိုက်သဲ (Meitei)၊ နာဂ (Naga) နှင့် ဂေါ်ရခါး စသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ ပါဝင်ခဲ့ကြသည်။

၎င်းတို့က ကူကီး (Kuki) လက်နက်ကိုင်အဖွဲ့များနှင့် ချုပ်ဆိုထားသည့် သဘောတူညီချက်များ ပယ်ဖျက်ရန်၊ စစ်ဘေးရှောင်များကို ဘေးကင်းစွာ နေရပ်ပြန်လည်နေရာချထားပေးရန်နှင့် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ဘိန်းစိုက်ပျိုးမှုများကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

ပြည်နယ်အစိုးရက လုံခြုံရေး ပိတ်ဆို့မှုများ ပြုလုပ်ထားသော်လည်း ဆန္ဒပြပွဲသည် အကြမ်းဖက်မှုမရှိဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့သည်။

Photo:ANI