တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (၁၈ – ၅ – ၂၁)
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ မိုးမောက်မြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာမှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
ချင်းပြည်နယ် ဟားခါးနဲ့ မင်းတပ်မြို့တွေမှာ အရပ်သားတွေ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က အရပ်သားနေအိမ်တစ်ရာကျော်ကို မီးရှို့တာကို တအာင်းအတိုင်ပင်ခံကောင်စီနဲ့ အခြားအရပ်ဘက်အဖွဲ့အစည်းတွေက ရှုတ်ချလိုက်ပါတယ်။
*** ZAWGYI ***