တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၄ – ၈ – ၂၁ )
အခုလ ပထမ လဝက်အတွင်း ကယား(ကရင်နီ)ပြည်နယ်မှာ နောက်ထပ် အရပ်သား ၁၅ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။
ကရင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက စစ်ကြောင်းထွက်ရာမှာ အမျိုးသမီးတွေကို လူသားဒိုင်းအနေနဲ့ အသုံးပြုနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က စွပ်စွဲထားပါတယ်။
အစီအစဉ်နောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသက တိုက်ပွဲတွေ၊ တိုးပွားလာတဲ့စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်တွေရဲ့လိုအပ်ချက်တွေကို တင်ပြထားပါတယ်။
*** ZAWGYI ***
တိုင္းရင္းသား ဘာသာ သတင္းအစီအစဥ္ ( ၁၄ – ၈ – ၂၁ )
အခုလ ပထမ လဝက္အတြင္း ကယား(ကရင္နီ)ျပည္နယ္မွာ ေနာက္ထပ္ အရပ္သား ၁၅ ေယာက္ကို စစ္ေကာင္စီတပ္ဖြဲ႕ေတြက ဖမ္းဆီးလိုက္ပါတယ္။
ကရင္ျပည္နယ္မွာေတာ့ စစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြက စစ္ေၾကာင္းထြက္ရာမွာ အမ်ိဳးသမီးေတြကို လူသားဒိုင္းအေနနဲ႔ အသုံးျပဳေနတယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU က စြပ္စြဲထားပါတယ္။
အစီအစဥ္ေနာက္ပိုင္းမွာေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကိုးကန႔္ေဒသက တိုက္ပြဲေတြ၊ တိုးပြားလာတဲ့စစ္ေဘးေရွာင္ေတြနဲ႔ စစ္ေဘးေရွာင္ေတြရဲ႕လိုအပ္ခ်က္ေတြကို တင္ျပထားပါတယ္။