ပဲခူးတိုင်း ဥသျှစ်ပင်မှ လူသုံးဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့က လူမှုကူညီရေး လုပ်ကိုင်နေသူ ၃ ဦး ကို အောက်တိုဘာ ၁၄ ရက်နေ့၊ ည ၉နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။
အဖမ်းခံရသူသုံးဦးမှာ အသက် ၄၀ အရွယ် ကိုစိုးမင်းထိုက်၊ အသက်၂၀ အရွယ် မောင်ဟိန်းကိုနှင့် ကျန်းမာရေးမှူး ဦးရဲနိုင် တို့ ဖြစ်ကြသည်။
”ကိုဗစ်လှိုင်း သုံးလှိုင်းစလုံး တောက်လျောက် ကိုယ်ကျိုးစွန့်လုပ်နေကြတဲ့ လူတွေဗျာ။ သူတို့ကိုယ်တိုင်လည်း ကို ဗစ် အကူးခံရတယ်။ မြို့ရဲ့ အားကိုးရတဲ့လူတွေမို့ ဘာမှမဖြစ်စေချင်ဘူး” ဟု ဥသျှစ်ပင်မြို့၏ မြို့မိ မြို့ဖ တစ်ဦး က ပြောသည်။
ယခုဖမ်းဆီးခံရသူ ၃ ဦးမှာ အေးသုခ လူမှုကူညီရေးအသင်းက ဖြစ်ပြီး ဘာသာရေး သာသနာရေးကဏ္ဍများ ကို လည်း မြို့နေ ဆရာတော်များ၊ သံဃာတော်များနှင့်အတူ တက်ကြွစွာ လှူဒါန်းပါဝင်ကူညီနေကြသူများ ဖြစ်ပြီး ရေ ဘေးလေဘေးကအစ ဦးဆောင်ကူညီနေကြသူများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
”သူတို့ ပြည် ဒကစ တပ်ကိုခေါ်မှာပေါ့။ အောက်တိုဘာလ ၁၃ ရက်နေ့က ပြည်မှာ အဖမ်းခံရတဲ့ ဖုန်းဆိုင်က ၅ ယောက်ထဲမှာ ဥသျှစ်ပင်က တစ်ယောက်ပါတယ်။ အဲဒါနဲ့ ဆက်စပ်နေလား မသိဘူး” ဟု မြို့ခံတစ်ဦးက ပြော သည်။
ယခုအချိန်အထိ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ တိကျသည့် သတင်းတစ်စုံတစ်ရာ မရရှိသေးသဖြင့် မိသားစု ဝင်များနှင့် အသင်းဝင်များက စိုးရိမ်နေကြသည်။
*** ZAWGYI ***
ပဲခူးတိုင္း ဥသွ်စ္ပင္မွ လူသုံးဦး ဖမ္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။
ပဲခူးတိုင္းေဒသႀကီး၊ ဥသွ်စ္ပင္ၿမိဳ႕က လူမႈကူညီေရး လုပ္ကိုင္ေနသူ ၃ ဦး ကို ေအာက္တိုဘာ ၁၄ ရက္ေန႔၊ ည ၉နာရီ အခ်ိန္ခန႔္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္။
အဖမ္းခံရသူသုံးဦးမွာ အသက္ ၄၀ အ႐ြယ္ ကိုစိုးမင္းထိုက္၊ အသက္၂၀ အ႐ြယ္ ေမာင္ဟိန္းကိုႏွင့္ က်န္းမာေရးမႉး ဦးရဲႏိုင္ တို႔ ျဖစ္ၾကသည္။
”ကိုဗစ္လႈိင္း သုံးလႈိင္းစလုံး ေတာက္ေလ်ာက္ ကိုယ္က်ိဳးစြန႔္လုပ္ေနၾကတဲ့ လူေတြဗ်ာ။ သူတို႔ကိုယ္တိုင္လည္း ကို ဗစ္ အကူးခံရတယ္။ ၿမိဳ႕ရဲ႕ အားကိုးရတဲ့လူေတြမို႔ ဘာမွမျဖစ္ေစခ်င္ဘူး” ဟု ဥသွ်စ္ပင္ၿမိဳ႕၏ ၿမိဳ႕မိ ၿမိဳ႕ဖ တစ္ဦး က ေျပာသည္။
ယခုဖမ္းဆီးခံရသူ ၃ ဦးမွာ ေအးသုခ လူမႈကူညီေရးအသင္းက ျဖစ္ၿပီး ဘာသာေရး သာသနာေရးက႑မ်ား ကို လည္း ၿမိဳ႕ေန ဆရာေတာ္မ်ား၊ သံဃာေတာ္မ်ားႏွင့္အတူ တက္ႂကြစြာ လႉဒါန္းပါဝင္ကူညီေနၾကသူမ်ား ျဖစ္ၿပီး ေရ ေဘးေလေဘးကအစ ဦးေဆာင္ကူညီေနၾကသူမ်ား ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
”သူတို႔ ျပည္ ဒကစ တပ္ကိုေခၚမွာေပါ့။ ေအာက္တိုဘာလ ၁၃ ရက္ေန႔က ျပည္မွာ အဖမ္းခံရတဲ့ ဖုန္းဆိုင္က ၅ ေယာက္ထဲမွာ ဥသွ်စ္ပင္က တစ္ေယာက္ပါတယ္။ အဲဒါနဲ႔ ဆက္စပ္ေနလား မသိဘူး” ဟု ၿမိဳ႕ခံတစ္ဦးက ေျပာ သည္။
ယခုအခ်ိန္အထိ ဖမ္းဆီးခံရသူမ်ားႏွင့္ ပတ္သက္၍ တိက်သည့္ သတင္းတစ္စုံတစ္ရာ မရရွိေသးသျဖင့္ မိသားစု ဝင္မ်ားႏွင့္ အသင္းဝင္မ်ားက စိုးရိမ္ေနၾကသည္။