Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

OPENING DAY 3 KNU Leader

  • April 3, 2016
Yawd Serk
တိုင်းရင်းသားခေါင်းဆောင်များ၏ နှစ်သစ်ဆုတောင်း

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၇-၁၀-၂၆)

ဗုဒ္ဓဟူးနေ့ညပိုင်း ရုပ်သံသတင်း(၇-၁၀-၂၆)

ဒီကနေ့ အစီအစဉ်ထဲမှာတော့-

– ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ပဲ စစ်အုပ်စုက အရပ်သားရွာတွေကို ဗုံးကြဲလို့ ထောင်နဲ့ချီထွက်ပြေးနေရ

– ရခိုင်-ဧရာဝတီ အစပ်မှာ တိုက်ပွဲ ပြင်းထန်ပြီး စစ်အုပ်စုက အစုအပြုံလိုက် ကျဆုံးနေ

– ကချင်ပြည်က ရွှေကူ-ငအိုး လမ်းပိုင်း သုံးသူတွေကို အရေးယူသွားမယ်လို့ KIAသတိပေး

– အလုပ်သမားတွေ ဆီက အခွန်နဲ့ လွှဲငွေ ရရှိဖို့ ပိုမို တင်းကြပ်သွားမယ်လို့ စစ်အုပ်စုပြော

– စစ်အုပ်စု ခေါင်းဆောင် ၇-၈ ရက်နေ့တွေမှာ မလေးရှားကို သွားမည်

– လာအို ဒုတိယမြို့တော်လေဆိပ် ကိုယ်ပိုင်လေယာဉ်ပေါ်တင်တဲ့ မူးယစ်ဆေးဝါး ကီလို ၅၀၀ ကျော်ဖမ်းမိ

– မက်ဒေါ်နယ်(McDonald’s)ကုမ္ပဏီဟာ AI သုံးစွဲပြီး လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲခံရ

– ပထမဆုံး FIFA အာဆီယံ ဖလားကို အင်ဒိုနီးရှား အသင်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဆွတ်ခူး…..စတာတွေ တင်ဆက်ထားပါတယ်။

×Close

News

  • ရိုဟင်ဂျာဒုက္ခသည် အရေးအတွက် မြန်မာစစ်အုပ်စုအပြင် AA နှင့်ပါ ဆွေးနွေးလျက်ရှိဟု ဘင်္ဂလားဒေ့ရှ် ပြော သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ (စစ်ကောင်စီ) သာမက ရခိုင်ပြည်နယ်အတွင်း အဓိက ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) နှင့်ပါ ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဒုတိယဝန်ကြီး ရှားမား အိုဘေးဒ် အစ္စလာမ် (Shama Obaed Islam) က ပြောကြားလိုက်ကြောင်း ဒါကာ အခြေစိုက် “New Age” သတင်းစာတွင် ဖော်ပြသည်။ နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေနေ့) က ဒါကာမြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုအတွင်း ၎င်းက ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရိုဟင်ဂျာအရေးဆိုင်ရာ အမျိုးသားအဆင့် ဗျူဟာရေးဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး၊ ထိုကော်မတီ၏ လုပ်ဆောင်ချက်အောက်မှပင် မြန်မာအစိုးရနှင့်ရော အာရက္ခတပ်တော် (AA) နှင့်ပါ ထိတွေ့ဆက်ဆံ ဆွေးနွေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ ရိုဟင်ဂျာအရေးသည် နိုင်ငံရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ပုံမှန်သံတမန် လမ်းကြောင်းတစ်ခုတည်းဖြင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို အကောင်အထည်ဖော်နိုင်မည်ဟု ယူဆ၍ မရနိုင်ကြောင်း ဒုဝန်ကြီးက ထောက်ပြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ အလွန်တရာ မတည်ငြိမ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံရေးပါတီများအားလုံး ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအပေါ် နိုင်ငံတကာက ဖိအားပေးလာစေရန် ကြိုးပမ်းရမည်ဟုလည်း ၎င်းက တိုက်တွန်းခဲ့သည်။ ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဤပြဿနာကို လူသားချင်းစာနာထောက်ထားမှုတစ်ခုတည်းထက် ဗျူဟာမြောက် ရှုထောင့်မှ ကြည့်မြင်ရန် လိုအပ်ကြောင်းနှင့် ရခိုင်ပြည်နယ်သည် မကြာမီ ကွန်ဖက်ဒရိတ်ပြည်နယ် သို့မဟုတ် ထိုထက်ပိုသော အခြေအနေသို့ ရောက်ရှိလာနိုင်သဖြင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ရိုက်ဖြစ်စေ၊ တတိယအဖွဲ့အစည်းများမှတစ်ဆင့် ဖြစ်စေ ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်ထားရန် လိုအပ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးစင်္ကြံ စီမံကိန်းများကိုလည်း ဒုက္ခသည်များ ပြန်လည်လက်ခံရေးတွင် လဲလှယ်အသုံးချနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက အကြံပြုထားသည်။
    ရိုဟင်ဂျာဒုက္ခသည် အရေးအတွက် မြန်မာစစ်အုပ်စုအပြင် AA နှင့်ပါ ဆွေးနွေးလျက်ရှိဟု ဘင်္ဂလားဒေ့ရှ် ပြော — November 9, 2026 8:04 pm
  • တရုတ်နိုင်ငံ မြောက်ပိုင်း အထပ်မြင့်လူနေအဆောက်အအုံ မီးလောင်မှုကြောင့် ၁၄ ဦး သေဆုံး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။ တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်းရှီး (Shanxi) ပြည်နယ်၏ မြို့တော် ထိုက်ယွမ် (Taiyuan) ရှိ အထပ်မြင့် လူနေအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၄ ဦး သေဆုံးသွားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ယနေ့ တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ မြို့လယ်ခေါင်ရှိ စည်ကားသော ပင်မလမ်းမကြီးပေါ်တွင် တနင်္ဂနွေနေ့ညနေပိုင်းက မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ အခင်းဖြစ်ပွားပြီးနောက် ဆေးရုံသို့ ပို့ဆောင်ထားသူများအနက် ၉ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိကာ စုစုပေါင်း ၂၅ ဦး ဆေးရုံ၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း အာဏာပိုင်များကို ကိုးကား၍ ပြည်နယ်သတင်းမီဒီယာများက ဖော်ပြသည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး ရိုက်တာသတင်းဌာနက မှန်ကန်ကြောင်း အတည်ပြုထားသည့် ဗီဒီယိုမှတ်တမ်းများအရ အထပ် ၄၀ မြင့်သော အဆောက်အအုံ၏ အလယ်ဗဟိုပိုင်းမှ စတင်ကူးစက်လောင်ကျွမ်းနေသည့် မီးတောက်များကို အပြင်ဘက်မှ မီးသတ်ကရိန်းကားများပေါ်ရှိ မီးသတ်သမားများက မီးငြှိမ်းသတ်နေစဉ် အဆောက်အအုံတစ်ခုလုံး အငွေ့များ အမှောင်ဖုံးသွားခဲ့သည်ကို တွေ့ရသည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြသည်။ မီးကို ၂ နာရီခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ည ၈ နာရီခွဲခန့်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၃၈ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ တရုတ်နိုင်ငံ မြောက်ပိုင်း၏ ကုန်ထုတ်လုပ်မှု ဗဟိုချက်ဖြစ်သော ထိုမြို့တွင် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အစိုးရသတင်းမီဒီယာများက ဆက်လက်ဖော်ပြထားသည်။ #Shanxi #Taiyuan
    တရုတ်နိုင်ငံ မြောက်ပိုင်း အထပ်မြင့်လူနေအဆောက်အအုံ မီးလောင်မှုကြောင့် ၁၄ ဦး သေဆုံး — November 9, 2026 8:01 pm
  • အန်းဒရွိုက်ဖုန်းများအား လိုင်းပျက်ကျစေသည့် လုံခြုံရေး အားနည်းချက်သစ် တွေ့ရှိ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်။ အန်းဒရွိုက် (Android) စနစ်သုံး ဖုန်းများတွင် ဖုန်းနံပါတ် သိရှိရုံမျှဖြင့် စာတိုပေးပို့ကာ ဖုန်းလိုင်းစနစ်ကို ပျက်ကျစေနိုင်သည့် "SMS of Death" လုံခြုံရေး အားနည်းချက်သစ်ကို နည်းပညာ သုတေသီများက စုံစမ်းတွေ့ရှိထားသည်။ အဆိုပါ လုံခြုံရေး အားနည်းချက်သည် ဖုန်းပိုင်ရှင်က မက်ဆေ့ခ်ျကို ဖွင့်ကြည့်ရန်ပင် မလိုဘဲ အထူးပြင်ဆင်ထားသည့် စာတို ဝင်ရောက်သည်နှင့် ဖုန်း၏ လိုင်းစနစ်ကို အလိုအလျောက် ပျက်ကျသွားစေသည့် အမျိုးအစားဖြစ်သည်။ တိုက်ခိုက်ခံရပါက ပြောလက်စ ဖုန်းကောလ်များ ချက်ချင်း ပြတ်တောက်သွားခြင်း၊ ဖုန်းလိုင်း ခတ္တ ပျောက်ကွယ်သွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အကယ်၍ ထိုစာတိုကို ဆက်တိုက် ပေးပို့ခံရပါက ဖုန်းမှာ ပုံမှန် အသုံးပြု၍ မရတော့ဘဲ ခဏခဏ ပိတ်ပြီး ပြန်လည်ပွင့်နေသည့် Reboot Loop စက်ကွင်းထဲသို့ ရောက်ရှိသွားနိုင်ကြောင်း နည်းပညာ ကျွမ်းကျင်သူများက ထောက်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် အန်းဒရွိုက် အသုံးပြုသူများအနေဖြင့် မိမိတို့ ဖုန်းအတွင်းသို့ Android System Update နှင့် Security Update များ ရောက်ရှိလာပါက ချက်ချင်း အဆင့်မြှင့်တင် (Update) ထားကြရန် လိုအပ်သည်။ Android 14 နှင့် အထက် ဖုန်းများအတွက်မူ လုံခြုံရေး အပ်ဒိတ်များကို ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများက ထည့်သွင်း ပြုပြင်ပေးထားပြီး ဖြစ်သည်။ လုံခြုံရေး အပ်ဒိတ် ဆက်လက် မရရှိတော့သည့် ဖုန်းဟောင်းများ သို့မဟုတ် အပ်ဒိတ် မပြုလုပ်ရသေးသည့် ဖုန်းများမှာမူ ထိုအန္တရာယ်အောက်တွင် ကျန်ရှိနေဆဲဖြစ်သဖြင့် လုံခြုံရေး အဆင့်မြှင့်ထားသည့် ဖုန်းသစ်များသို့ ပြောင်းလဲ အသုံးပြုကြရန် ပညာရှင်များက တိုက်တွန်းထားသည်။
    အန်းဒရွိုက်ဖုန်းများအား လိုင်းပျက်ကျစေသည့် လုံခြုံရေး အားနည်းချက်သစ် တွေ့ရှိ — November 9, 2026 7:42 pm

Recent Posts

  • စစ်တွေတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက မြို့ခံ ၁၅ ဦးထက်မနည်းကို ဖမ်းဆီး ငွေညှစ်
  • မြန်မာလေယာဉ်ချဉ်းကပ်လာသဖြင့် ထိုင်း F-16 များ ပျံတက်ဟန့်တားခဲ့ရ၊ နယ်စပ် ဂိတ်အချို့ ပြန်ဖွင့်
  • ဆေးရုံများကို ဗုံးကြဲမှု စစ်ရာဇဝတ်မှု မြောက်ကြောင်း AA ထောက်ပြ
  • ရိုဟင်ဂျာဒုက္ခသည် အရေးအတွက် မြန်မာစစ်အုပ်စုအပြင် AA နှင့်ပါ ဆွေးနွေးလျက်ရှိဟု ဘင်္ဂလားဒေ့ရှ် ပြော
  • တရုတ်နိုင်ငံ မြောက်ပိုင်း အထပ်မြင့်လူနေအဆောက်အအုံ မီးလောင်မှုကြောင့် ၁၄ ဦး သေဆုံး

Archives

Related Posts

စစ်တွေတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက မြို့ခံ ၁၅ ဦးထက်မနည်းကို ဖမ်းဆီး ငွေညှစ် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။ ရခိုင်ပြည်၊ စစ်တွေမြို့ဝန်းကျင်၌ အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ ချိန်တွင် စစ်အုပ်စုတပ်က မြို့တွင်း လုံခြုံရေးတိုးမြှင့်ကာ အရပ်သားများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီး ငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် မြို့တွင်း လမ်းဆုံလမ်းခွများ၊ မြို့အဝင်အထွက် နေရာများတွင် လုံခြုံရေးအင်အား ဖြန့်ကျက်ထားပြီး အောက်တိုဘာလကုန်ပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းအထိ စစ်တွေမြို့ခံ ၁၅ ဦးခန့်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် စစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက်အရွယ်များအပြင် အသက် ၅၀ ကျော်အရွယ်များအထိ ပါဝင်နေသည်။ စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “ညဘက် ဧည့်စာရင်းနဲ့ ဖမ်းတာပိုများတယ်၊ အခုပိုဆိုးလာတယ်။ မြို့ပတ် လည်က တိုက်ပွဲတွေက နေ့စဉ်သတင်းမျိုးစုံ ကြားရတယ်။ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးရေးတွေ အပြင် အရပ်ဝတ်တွေနဲ့ လိုက်ဖမ်းတာတွေ များလာတာ နေ့ရောညရော ဧည့်စာရင်းစစ်ဆေးတာတွေ အပြင် ညဘက် သွားလာ သူတွေ့တာနဲ့ စစ်ဆေးဖမ်းဆီး စစ်ဆေးတာတွေရှိနေတယ်။ လက်ရှိ အရပ်သား ၁၅ လောက် ဖမ်းဆီး ထားပြီး ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ ကျော်တွေ” ဟု မြို့ တွင်း စစ်ဆေးဖမ်းဆီးခံရသည့် အခြေအနေကို ပြောသည်။ လက်ရှိတွင် စစ်အုပ်စုတပ်သည် စစ်တွေမြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် ရွှေမင်းဂံ ရေတပ်စခန်းအနီးနှင့် ရေချမ်းပြင်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် မြို့အပြင်သို့ စစ်ကြောင်းမထွက်နိုင်သေးဘဲ မြို့တွင်း၌ ကင်းပုန်းဝပ်ခြင်း၊ အရပ်ဝတ်များဖြင့် စောင့်ကြည့်ခြင်း၊ နေအိမ်များသို့ ဝင်ရောက်၍ နေ့ရောညပါ ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။ စစ်တွေမြို့တွင် ပြီးခဲ့သည့် မေလကတည်းက ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထား ခြင်းလည်း ဖြစ်သည်။ ဧည့်စာရင်း စစ်ဆေးရာတွင် အပြစ်ရှာ၍ ဖမ်းဆီးကာ ငွေကြေးတောင်းခံထုတ်ပေးနေရသည့် အခြေအနေနှင့် ပတ်သက်ပြီး စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။ “ဖမ်းထားတဲ့သူတွေကို လူတွေသိပ်မသိသေးရင် ညှိလို့ရတယ်။ လူသိများရင်တော့ ထုတ်လို့မရတော့ဘူး။ ဒါကြောင့် ဖမ်းခံထိတဲ့ မိသားစုက တိုးတိုးတိတ်တိတ် လုပ်နေကြတယ်။ လူသိမခံဘူး။ အခုက ဧည့်စာရင်း စစ် အပြစ်ရှာပြီး ဖမ်းတာကို ငွေရှာတဲ့နည်းလို စစ်တပ်လုပ်နေတာ ဘာလုံ ခြုံရေးမှမဟုတ်ဘူ။ အခု စစ်တွေမြို့ပေါ် မှာ နေတဲ့သူတွေကို စစ်တပ်က အကုန်သိနေတာပဲ၊ အသစ်ထပ်ရောက်တာကို မရှိသလောက်ပဲ။” စစ်တွေမြို့အနီးတွင် နှစ်ဖက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သံများနှင့် လက်နက်ကြီး ပစ်ခတ်သံများကိုလည်း နေ့စဉ် ကြားနေရသည်ဟု မြို့ခံများက ပြောသည်။ မြို့တွင်း စစ်ဆေးမှု တင်းကျပ်ခြင်းနှင့် ဖမ်းဆီးမှုများကြောင့် မြို့ခံများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လို သော်လည်း စစ်အုပ်စုတပ်က မြို့ဝင်မြို့ထွက် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသဖြင့် မြို့ခံများမှာ တိုက်ပွဲ အန္တရာယ်အပြင် မတရား ဖမ်းဆီးခံရမည်ကိုပါ စိုးရိမ်နေကြရသည်။ ပုံစာ - စစ်တွေမြို့ဝင်လမ်း စစ်အုပ်စု စစ်ဆေးရေးဂိတ်၌ အရပ်သားများ စစ်ဆေးခံနေရစဉ် - ပုံဟောင်း။ (ဓာတ်ပုံ - RFA) #စစ်တွေမြို့

စစ်တွေတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက မြို့ခံ ၁၅ ဦးထက်မနည်းကို ဖမ်းဆီး ငွေညှစ်

  • November 9, 2026

ရိုဟင်ဂျာဒုက္ခသည် အရေးအတွက် မြန်မာစစ်အုပ်စုအပြင် AA နှင့်ပါ ဆွေးနွေးလျက်ရှိဟု ဘင်္ဂလားဒေ့ရှ် ပြော

  • November 9, 2026

တရုတ်တွင် ကြီး ၃ ကြီး တွေ့ဆုံမည်

  • November 9, 2026
မြန်မာလေယာဉ်ချဉ်းကပ်လာသဖြင့် ထိုင်း F-16 များ ပျံတက်ဟန့်တားခဲ့ရ၊ နယ်စပ် ဂိတ်အချို့ ပြန်ဖွင့် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။ ကရင်ပြည် မြဝတီတောင်ဘက် ဖလူး-မင်းလက်ပံဒေသ တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်သို့ မသင်္ကာဖွယ် လေယာဉ်တစ်စီး ချဉ်းကပ်လာသဖြင့် ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်များ အရေးပေါ် ပျံတက်၍ ဟန့်တားခဲ့ရသည်။ ထို့ပြင် တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် ပိတ်ထားခဲ့ရသည့် သဘာဝ မြစ်ကူးဂိတ်အချို့ကိုလည်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် တာ့ခ် (Tak) ပြည်နယ်၊ ဖုတ်ဖရာ့မြို့နယ် အနီးသို့ မသင်္ကာဖွယ် လေယာဉ် တစ်စီး ရောက်ရှိလာသည်ကို ထောက်လှမ်းတွေ့ရှိခဲ့ရသဖြင့် ထိုင်းလေတပ်က အရေးပေါ် တုံ့ပြန် သတိပေး မှု စံနှုန်းများနှင့်အညီ F-16 တိုက်လေယာဉ်များကို ပျံတက်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါ မသင်္ကာဖွယ် လေယာဉ်သည် မြန်မာစစ်အုပ်စုတပ်၏ စစ်လေယာဉ် ဟုတ်၊ မဟုတ်ကို ထိုင်းတော်ဝင် လေတပ် ထုတ်ပြန်ချက်တွင် တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း ထိုင်းနယ်စပ် လေပိုင်နက်နှင့် ပြည်သူတို့၏ လုံခြုံရေးအတွက် အချိန်ပြည့် ကာကွယ်စောင့်ရှောက်သွားမည်ဟု အာမခံ ပြောဆိုထားသည်။ ထို့ပြင် နိုဝင်ဘာလ ၈ ရက်နေ့၌ပင် ထိုင်းနယ်စပ်နှင့် ထိစပ်နေသော KNU နယ်မြေအတွင်း စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန် သံလွင်မြစ်ကမ်းဘေးရှိ သော်လဲထာကျေးရွာသို့ ထိုင်းစစ်တပ် အရာရှိအချို့ လာရောက် ကြည့်ရှုခဲ့ကြသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ဒီနေ့ထိ လုံခြုံရေး အခြေအနေက တင်းကျပ်ထား တုန်းပဲ။ ထိုင်းစစ်သားတွေ နယ်ခြားစောင့်အဖွဲ့တွေ အာဏာပိုင်းတွေ ရှိနေတယ်။ အသင့်ပုံစံမျိုးပေါ့ဗျာ။ သတိ ထားကြဖို့လည်း လူထုကို ကြေညာပေးနေတုန်းပဲ။ ကိုယ်တို့ နိုင်ငံဘက်က အခြေအနေကလည်း တိတ်သွားတာ မျိုးမှ မရှိတာ။ တိုက်ပွဲသံ၊ လက်နက်ကြီးသံ၊ လေယာဉ်ဝဲတာတွေ ဆက်တိုက်ပဲ ရှိနေတုန်းဆိုတော့။ အခြေ အနေကတော့ စောင့်ကြည့်ရအုံးမှာပဲ” ဟု ပြောသည်။ အခြားတစ်ဖက်တွင်လည်း မြဝတီတောင်ဘက်ခြမ်း ဖလူး-မင်းလက်ပံ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်း လက်နက်ကြီးကျည်များနှင့် ဒရုန်းဗုံးသီးအချို့ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာ အုပ်စုအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ရသည်။ ထို့ကြောင့် မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ ဆုံဆည်းမြိုင်နှင့် မော်လီချိုင်း စသည့် သဘာဝ မြစ်ကူးဂိတ်များကို ထိုင်းအာဏာပိုင်များက အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ၁ ပတ်ကြာ ယာယီ ပိတ်ထားခဲ့ရသည်။ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းတွင်မူ အဆိုပါ သဘာဝ မြစ်ကူးဂိတ်များနှင့် လှေဂိတ်များကို ထိုင်းအာဏာပိုင် များက ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သဖြင့် စစ်ဘေးရှောင် ပြည်သူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ဒေသခံများအတွက် ကုန်စည်ကူးသန်း သွားလာရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပြန်လည် အဆင်ပြေလာခဲ့သည်။ အုန်းဖျန်စစ်ရှောင်စခန်းမှ မဲဆောက်ကို ရောက်ရှိသော စစ်ရှောင်အမျိုးသားတစ်ဦးက “သောကြာနေ့ကတည်းက စဖွင့်တယ်။ ဒီနေ့ တနင်္လာနေ့လည်း ပုံမှန်ပဲ ဖွင့်ထားတယ်။ ကလေးတွေ ကျောင်းသွား ပုံမှန်သွားလာနေကြ တယ်။ အသံတွေကလည်း ကြားနေရတုန်းပဲ။ ဒီလိုပဲ သတိနဲ့ သွားလာကြတာပေါ့။ လိုအပ်ရင်တော့ ဂိတ်တွေ လည်း ထပ်ပိတ်နိုင်တာပဲလေနော်။ ဒီနယ်စပ်ရေဂိတ်တွေရဲ့ အဖွင့်အပိတ်ကိစ္စတွေက မြန်မာဘက်က တိုက်ပွဲ အခြေအနေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်” ဟု ပြောသည်။ သို့သော်လည်း စစ်အုပ်စုတပ်က KNLA ပူးပေါင်းတပ်များထံ လက်လွှတ်ထားရသည့် နယ်စပ်စခန်းများကို ပြန်လည်ရရှိရေးနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသအား ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုး ထိုးစစ်ဆင် လျက်ရှိရာ တိုက်ပွဲများအတွင်းမှ ကျည်ဆန်နှင့် ဗုံးသီးများ ထိုင်းဘက်သို့ မကြာခဏ ကျရောက်ပေါက်ကွဲ နေသဖြင့် နယ်စပ်ဂိတ်များ ထပ်မံ ပိတ်ပင်ခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ နယ်စပ်နေ မြန်မာတစ်ဦးက “နယ်စပ်ဘက်မှာ စစ်အုပ်စုက လေကြောင်းကော လက်နက်ကြီးနဲ့ပါ ဆက်တိုက် ပစ်နေတော့ ထိုင်းဘက် ကျည်ကျတာတွေ ခဏခဏ ဖြစ်တယ်။ ဂိတ်တွေ ပြန်ဖွင့်ပေးပေမဲ့ နယ်စပ်မှာ တိုက်ပွဲ တွေက ပြင်းနေတုန်းဆိုတော့ ထိုင်းဘက်က စစ်တပ်နဲ့ လုံခြုံရေးတွေလည်း တင်းကျပ်ထားတုန်းပဲ” ဟု ပြော သည်။ စစ်အုပ်စုတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား ပြီးခဲ့သည့်နှစ်မှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း မှ ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း၌ ထိခိုက်ဒဏ်ရာရသူ ၅ ဦးထက်မနည်း ရှိခဲ့သလို စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၉ လုံးထက်မနည်း ပျက်စီးခဲ့ဖူးသည်။ ထို့ကြောင့် မြန်မာဘက်ခြမ်း၌ စစ်ရေးအရိပ်အယောင်များ စိုးမိုးနေဆဲ ဖြစ်သည့်အတွက် ထိုင်းအာဏာပိုင်များက နယ်စပ်တစ်လျှောက် လုံခြုံရေးကို ယခင်ကထက် ပိုမို တင်းကြပ်စွာ ချထားပြီး စောင့်ကြည့်လျက်ရှိသည်။ ပုံစာ - ထိုင်း-မြန်မာနယ်စပ် ကမ်းကူးဂိတ် မြင်ကွင်းတစ်နေရာ။ (ဓာတ်ပုံ - สวท.แม่สะเรียง – Radio Thailand Mae Sariang) #F16 #Thaimyanmarborder

မြန်မာလေယာဉ်ချဉ်းကပ်လာသဖြင့် ထိုင်း F-16 များ ပျံတက်ဟန့်တားခဲ့ရ၊ နယ်စပ် ဂိတ်အချို့ ပြန်ဖွင့်

  • November 9, 2026

တရုတ်နိုင်ငံ မြောက်ပိုင်း အထပ်မြင့်လူနေအဆောက်အအုံ မီးလောင်မှုကြောင့် ၁၄ ဦး သေဆုံး

  • November 9, 2026

ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများ ပါဝင်တက်ရောက်မည်

  • November 9, 2026
ဆေးရုံများကို ဗုံးကြဲမှု စစ်ရာဇဝတ်မှု မြောက်ကြောင်း AA ထောက်ပြ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။ ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာနေချိန်တွင် မြောက်ဦးမြို့ရှိ သားဖွားဆေးရုံ ဗုံးကြဲခံရမှုသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း အာရက္ခ တပ်တော် (ULA/AA) က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး ပါဝင်ပတ်သက်သူများကို လက်တုံ့ပြန် ဆောင်ရွက်သွားမည်ဟု ပြောဆိုလိုက်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နယ်မြေအများအပြား ဆုံးရှုံးထားရသည့် စစ်အုပ်စုတပ်သည် အရပ်သား ပြည်သူများ စိုးမိုးရာ ဒေသများကို ပစ်မှတ်ထား၍ လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုများကို အလွန်အမင်း တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။ ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်က ရပ်ရွာများ၊ စစ်ရှောင်စခန်းများနှင့် ဆေးရုံများကို ညဉ့်အချိန်ပါမကျန် ဗုံးကြဲနေသဖြင့် နိုဝင်ဘာလ ပထမပတ်အတွင်း၌ပင် ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ နိုဝင်ဘာလ ၁ ရက်က မြောက်ဦးမြို့နယ်အတွင်းရှိ သားဖွားဆေးရုံကို စစ်အုပ်စုတပ်က လေကြောင်းမှ ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲခဲ့သဖြင့် မွေးကင်းစကလေးငယ် အပါအဝင် ပြည်သူ ၅ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နိုဝင်ဘာလ ၅ ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင်လည်း မြောက်ဦး-အဉ္ဇနပူရ (မင်းပြား) အဝေးပြေးကား လမ်းအနီး နန်းကျားကျေးရွာကို ဗုံးကြဲခဲ့၍ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန် ၄ လရှိ အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့သည်။ စစ်ရေးပစ်မှတ် မဟုတ်သည့် ဆေးရုံ ဆေးခန်းများကို ဦးတည်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ULA/AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ယခုကဲ့သို့ ပြောသည်။ “ဒီသားဖွားဆေးရုံကို ဗုံးကြဲခံရတဲ့ ဖြစ်ရပ်ဟာ လူ့ သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံး နဲ့ ဝမ်းနည်းကြေကွဲ ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ မြန်မာအကြမ်းဖက် ဖက်ဆစ် စစ်တပ်ဟာ အာရ က္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဒီ ဆေးရုံ တွေ ပြည်သူတွေ အများပြည်သူ အသုံးပြုတဲ့ ဒီ လမ်းတံတား တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိနေပါတယ်။ ဒီလုပ်ရပ်တွေဟာ အင်မတန်အောက် တန်းကျ ယုတ်မာတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက် တိုက်ခိုက်တာဟာ ဒီလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ချိုးဖောက်တာ ဖြစ်ပြီးတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ ဖြစ်ပါတယ်။” အရပ်သားများ ထိခိုက်သေဆုံးခဲ့ရမှုအတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေ ကိုလည်း ခိုင်သုခက ဆက်ပြောသည်။ “ဒီအကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ထိခိုက်သေဆုံးဒဏ်ရာ ရခဲ့ကြတဲ့ ကျနော်တို့ ပြည်သူတွေ အတွက် တရားမျှတမှု ရရှိရေး ပါဝင်ပတ်သက်သူ တစ်ယောက်ချင်းစီတိုင်းကို လက်တုန့်ပြန် အရေးယူနိုင်ဖို့ ကျနော်တို့ ULA/AA အနေနဲ့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” စစ်အုပ်စုတပ်သည် ဆုံးရှုံးသွားသည့် ဒေသများကို ပြန်လည်စိုးမိုးရန် ကြိုးပမ်းရာတွင် ပြည်သူများ၏ လူမှုစီးပွား ဘဝနှင့် ကုန်သွယ်မှုများကို ဖြတ်တောက်နိုင်ရန် လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။ မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ မှတ်တမ်းများအရ ပြီးခဲ့သည့် သုံးလအတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၁ ကြိမ် ရှိခဲ့ပြီး၊ အဆိုပါအနက် ၉၆ ရာခိုင်နှုန်းကျော်မှာ ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည့် ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းအနက် ရခိုင်ပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှု ၁၅၁ ကြိမ်ဖြင့် အများဆုံး ဖြစ်ပွားခဲ့ကာ နိုင်ငံတစ်ဝန်း အရပ်သား အနည်းဆုံး ၃၅၃ ဦး သေဆုံးခဲ့ရသည်။ ထိုကဲ့သို့ လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ယခုကဲ့သို့ မှတ်ချက်ပေးသည်။ “စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်တဲ့ ပုံစံတွေက မြင့်လာတယ်။ အရပ်သားတွေကို သေစေတာတွေနော စာ သင်ကျောင်းနဲ့ နေအိမ်တွေ ဘာသာရေး သာသနိက အဆောက်အအုံတွေပါ ဆက်တိုက် ပစ်မှတ်ထားပြီး တိုက် ခိုက်နေတာ ဖြစ်ပါတယ်။ ဒါ တွေဟာ ကျနော်တို့ International Humanitarian Law အရဆိုရင် War Crime မြောက်တယ်လို့ ကျနော် တို့ ခဏခဏ ပြောတယ်။ ဒီလိုတိုက်ခိုက်မှုတွေဟာ အရပ်သား လူထုတွေ အပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဒါမှမဟုတ် စနစ်တကျ ကျူးလွန်တိုက်ခိုက်မှုတွေရဲ့ အစိတ်အပိုင်း ဖြစ်လာတာ တွေ့ရတယ်။ ဒါဆိုလို့ရှိရင် ကျနော်တို့ Crime against Humanitarian လို့ခေါ်တဲ့ ကျနော်တို့ ဒီ လူသားမျိုး နွယ်တွေအပေါ်မှာ ဒီကျူးလွန်တဲ့ ရာဇ ဝတ်မှုတွေ တစ်စတစ်စ ကျနော်တို့ ဖြစ်လာတာကို တွေ့ရတယ်။” အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်သည် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် တိုးမြှင့် လုပ်ဆောင်နေဆဲ ဖြစ်ရာ မြေပြင်တွင် အမှန်တကယ် သေဆုံးထိခိုက်သည့် ပမာဏမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း ဒေသခံများနှင့် ပရဟိတအဖွဲ့များက ပြောသည်။ ဓာတ်ပုံ - AA Info Desk #ULA/AA #AA #Airstrike

ဆေးရုံများကို ဗုံးကြဲမှု စစ်ရာဇဝတ်မှု မြောက်ကြောင်း AA ထောက်ပြ

  • November 9, 2026

အန်းဒရွိုက်ဖုန်းများအား လိုင်းပျက်ကျစေသည့် လုံခြုံရေး အားနည်းချက်သစ် တွေ့ရှိ

  • November 9, 2026

အစ္စရေးတွင် အစိုးရသစ်ဖွဲ့စည်းရန် ကာကွယ်ရေးဦးစီးချုပ်ဟောင်းအား တာဝန်ပေးအပ်

  • November 9, 2026
×Close