KNU တောင်ငူ ခရိုင် အုပ်ချုပ်ရေး လုပ်ငန်းများတွင် မနှောက်ယှက်ရန် စစ်ကောင်စီအား KNU သတိပေး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်။
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ (တောင်ငူ) ခရိုင်၏ အုပ်ချုပ်ရေး လုပ်ငန်းများအား နှောက် ယှက်ဟန့်တားနေမှုများကို ရပ်တန့်ရန် KNU တပ်မဟာ ၂ က စစ်ကောင်စီတပ်ကို သတိပေးပြောဆို လိုက်သည်။
ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် KNU တပ်မဟာ ၂ (တောင်ငူ) ခရိုင်၏ ၆ လပတ် တပ်မှူးများ အစည်း အဝေး ထုတ်ပြန်ချက်ထဲတွင် KNU တပ်မဟာ ၂ က စစ်ကောင်စီတပ်အား ထိုသို့ သတိပေး ပြောဆိုလိုက် ခြင်း ဖြစ်သည်။
KNU တပ်မဟာ ၂ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒဲဖိုး က “ကျနော်တို့ လုပ်နေတဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ လူ မှုရေး လုပ်ငန်းတွေ နိုင်ငံရေး စစ်ရေး လုပ်ငန်းတွေလည်း သူတို့က ကျနော်တို့အတွက် အဟန့်အတား အများ ကြီး လုပ်နေတာကို ကျနော်တို့ကလည်း မခံနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ ထုတ်ပြန်ခြင်းဖြစ်တယ်လေ” ဟု ပြောသည်။
KNU တပ်မဟာ ၂ တပ်မှူးများ၏ ၆ လပတ် အစည်းအဝေး ထုတ်ပြန်ကြေငြာ ချက်ထဲတွင် မိမိတို့ တောင်ငူခရိုင် တပ်မဟာ -၂ နယ်မြေအတွင်း ရှိနှင့်နေပြီးသော KNU ၏ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများနှင့် ဌာနဆိုင်ရာ လုပ် ငန်းများ၊ (ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးခြင်း၊ တရားစီရင်ရေး၊ သစ်တောနှင့် လယ်ယာ ကိစ္စရပ်များ၊ အခွန် တော်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ) တို့ကို စစ်ကောင်စီက ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်း မပြုရန် ထည့်သွင်းထားသည်။
ဗိုလ်မှူးချုပ် စောဒဲဖိုးက “ကျနော်တို့ အုပ်ချုပ်ရေး လုပ်ငန်းများကိုလည်း ဆန့်ကျင်လာတာကိုး။ ဥပမာ တစ်ခု ပြောရမယ်ဆိုလို့ရှိရင် ကနော်တို့ ကရင်ရွာ ကျနော်တို့ ကရင်ဒေသ ကျနော်တို့ ကရင်ကျောင်းဖွင့်မယ်။ ပြီးတော့ ကျနော်တို့ ကရင်ကျောင်းရဲ့ ရည်ရွယ်ချက်က ကရင်လူမျိုးဖြစ်တဲ့အတွက် ကရင်စာတတ်ရမယ်။ ပြောတတ်ရ မယ်။ ပြီးတော့ ကျနော်တို့ နေတဲ့ ဒီနေရာမှာ ဗမာ စကားပြောတာများတယ်။ မြန်မာစာကိုလည်း တတ်ရမယ် ပြီး တော့လည်း အခုခေတ်မှာလည်း နိုင်ငံတကာရဲ့ စဉ်းစားမှုအပေါ်မှာ ရှိတဲ့အပေါ်မှာ အင်္ဂလိပ်စာလည်း တတ် ရမယ် ကျနော်ထင်တယ်။ ဒါတွေအတွက် ဘာကြောင့် ကန့်ကွက်စရာ အကြောင်းမရှိဘူး။ ဘာကြောင့် ကျနော် တို့ ဒါတွေကို ကန့်ကွက်နေသလဲ” ဟု ပြောသည်။
စစ်ကောင်စီက ကရင်အမျိုးသားကျောင်းမှာ ဖွင့်မည့်ကိစ္စရပ်များကိုလည်း ကန့်ကွက်တားဆီးမှုများ လုပ်ဆောင် နေသည်ဟု ဗိုလ်မှူးချုပ်စောဒဲဖိုးက ဆက်ပြောသည်။
“ပြီးတော့ ကျနော်တို့ တည်ဆောက်မယ့် ကရင်ကျောင်းတွေကို ဘာကြောင့် ကန့်ကွက်နေရသလဲ ပြောရမယ်ဆို ရင် ဒီနှစ်နှစ်အတွင်း သူတို့ကြောင့် မြန်မာပြည် တစ်ပြည်လုံး ကျောင်းပျက်နေတယ်။ ဆိုတော့ ကျနော်တို့ ဒေသ မှာ အုပ်ချုပ်ရေးချမှတ်တဲ့ အပေါ်မှာလည်း ကျနော်တို့ ကျောင်းကို လုပ်ဖြစ်ရမှာပေါ့။ အခုက ကျနော်တို့ တည် ဆောက်မယ့် ကျောင်းကို သူတို့က အမြဲအဟန့်အတား အမျိုးမျိုးနဲ့ လုပ်လာတဲ့ အပေါ်မှာ ကျနော်တို့ ထုတ်ပြန် ရခြင်းဖြစ်တယ်။”
ထို့အတူ စစ်ကော်စီတပ်က ဒေသခံပြည်သူများ၏ သွားလာလှုပ်ရှားမှုများကို တားဆီးပိတ်ပင်ခြင်း၊ စစ်ဆေးမှု များကို တင်းကြပ်စွာ လုပ်ဆောင်နေခြင်းများကြောင့် ဒေသခံများ၏ စားဝတ်နေရေးအတွက် ရှာဖွေစား သောက် ရာတွင် ခက်ခဲမှုများစွာကိုလည်း ဖြစ်စေသည်ဟု KNU တပ်မဟာ ၂ တပ်မဟာမှူး က ပြောသည်။
KNU တပ်မဟာ ၂ ၏ ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် KNU တပ်မဟာ ၂ ၏ အုပ်ချုပ်ရေး လုပ်ငန်းများကို ဝင်ရောက် စွတ်ဖက်နှောင့်ယှက်နေသည့် စကခ (၂၀) မှူး ဗိုလ်မှူးချုပ်ကိုကိုလွင် အနေဖြင့် KNU ၏ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက်စွတ်ဖက် နှောင့်ယှက်မှုများအား ရပ်တန့်ရန် အထူးသတိပေးထားသည်ကို တွေ့ရ သည်။
နှောက်ယှက် ဟန့်တားမှုများကို မရပ်တန့်ပါက နောက်ပိုင်းတွင်း ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို KNU တပ်မဟာ ၂ အနေဖြင့် တာဝန်မည် မဟုတ်ကြောင်းဆိုသည်။
ဗိုလ်မှူးချုပ် စောဒဲဖိုးက “ကျနော်တို့ကတော့ အတတ်နိုင်ဆုံးတော့ သူတို့ရဲ့ ဘယ်လိုပြောရမလဲ ကျနော်တို့ လမ်း ကြောင်းရှာပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းကြောင်းတွေ ရှာပြီးတော့ လုပ်မှာပေါ့” ဟုပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က KNU တပ်မဟာ ၂ (တောင်ငူ) ခရိုင်ဖက်တွင် တပ်အင်အားများ ဖြည့်တင်း နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟုလည်း သိရသည်။
စစ်အင်အား ဖြည့်တင်းနေမှုများနှင့်အတူ KNU တပ်မဟာ ၂ က အကောင်အထည်ဖော် လုပ်ဆောင်မည့် အုပ်ချုပ် ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို စစ်ကောင်စီတပ်က ဆက်လက် နှောက်ယှက်ဟန့်တားနေမည် ဆိုပါက အဖက်ဖက်မှ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဟု KNU က ထုတ်ပြန်ထားသည်။