ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်အတွင်း စစ်ဆင်ရေးတွင် စွန်ရဲနီ PDF နှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်။
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ တွင် စစ်ကောင်စီခန့် အုပ်ချုပ်မှူးအား သုတ်သင်ရှင်း လင်းသည့် မစ်ရှင်တွင် စွန်ရဲနီ PDF အဖွဲ့၀င် နှစ်ဦး ကျဆုံးသွားသည်ဟု သိရသည်။
အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းအား သုတ်သင်သည့် မစ်ရှင်တွင် စွန်ရဲနီ နွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းက ပြန်ကြားရေး တာဝန်ခံ ဗိုလ်ဇီးရိုးနှင့် တပ်စိတ်မှူး ကိုနေဝင်းတို့ ကျဆုံးသွားသည်ဟု တပ် ရင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စွန်ရဲနီ နွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းက တာဝန်ရှိသူတစ်ဦး “ပိတ်ဆို့ထားတဲ့ ကောင်တွေနဲ့ တွေ့တာမှာ သူပစ်ကိုယ်ပစ် ပစ်ကြရင်း ကျဆုံးရတာပါ” ဟု ပြောသည်။
ဇွန်လ ၈ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီခွဲ အချိန်ခန့်က အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာလာရာ အလယ်စုကျေးရွာနှင့် သရက်တောကျေးရွာကြားတွင် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင် ပစ်ခတ်ရင်း ကျဆုံးခဲ့သည်ဟု တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ထိုကျဆုံးမှုနှင့် ပတ်သတ်၍ မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ဧရာနဂါး ညီနောင် ပြောက်ကျားတပ်၊ ပုသိမ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့တို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြောင်း သဝဏ်လွှာများ ထုတ်ပြန် ထားသည်။
ထို့အပြင် လူမှုကွန်ရက် သုံးစွဲသူများကလည်း ကျဆုံးသူနှစ်ဦးအတွက် ဝမ်းနည်း နှမျော ဂုဏ်ပြုသည့် မှတ်ချက် များ ရေးသားကြသည်ကို တွေ့ရသည်။
ထူးကြီးမြို့၊ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်မှူးအားဖြစ်သူသည် ရုံးအတွင်း၌ ရုံးလုပ်ငန်းများ ဆောင် ရွက်နေစဉ် ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားသည့် PDF အဖွဲ့ဝင် နှစ်ဦးကို စစ်တပ်က အသေပစ်သတ်နိုင်ခဲ့ သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး လူမှုကွန်ရက် စာမျက်နှာများတွင်ဖော်ပြသည်။
အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် လာရောက် ပစ်ခတ်သည့် PDF အဖွဲ့ဝင် ၂ဦးကို ပစ္စတို သေနတ်တစ်လက် ကျည် ဆံအချို့ နှင့် သေဖမ်းဆီးရမိထားသည်ဟု ဝါဒဖြန့်ရေးသားမှုများ တွေ့ရသည်။
PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရှိထားသည့် အမှတ် ၃ ရပ်ကွက်က အုပ်ချုပ်ရေးမှူးမှာ ပုသိမ်မြို့ရှိ စစ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု တိုင်းစစ်ကောင်စီရုံး ဝန်ထမ်းများနှင့် နီးစပ်သည့်သူများထံမှ သိရသည်။