သံဖြူဇရပ် ရဲစခန်းတိုက်ခိုက်ခံရမှု အပြီး လုံခြုံရေး တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
သံဖြူဇရပ် မြို့မ ရဲစခန်းကို သေနတ်သမားတစ်ဦး လာရောက် တိုက်ခိုက်ပြီးနောက် သံဖြူဇရပ်တွင် လုံခြုံရေး တင်းကြပ်ထားသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့မရဲစခန်း ကို ဩဂုတ် ၁၇ ရက်နေ့က လာရောက်တိုက်ခိုက်သည့် သေနတ်သမားများထဲမှ တစ်ဦးမှာ သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။
သေနတ်သမားလေးဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
”ညက သေနတ်သံတော့ကြားတယ် ၁၅ ချက် အချက် ၂၀ လောက်ရှိမယ် ပစ်တာ။ မနက်ကျမှ ရဲစခန်းမှာ ဖြစ် တာ သိရတယ်။ လာပစ်တဲ့ဘက်က တစ်ယောက် သေသွားတယ်လို့တော့ ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြော သည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး သေနတ်သမားများဘက်က တစ်ဦးထိခိုက်သေဆုံးသွားခဲ့သည်။
အဆိုပါဖြစ်စဥ်တွင် ရဲဘက်ကလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ပြောဆိုနေသော်လည်း သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။
သံဖြူဇရပ် မြို့မရဲစခန်းကို တိုက်ခိုက်ခံရသည့် အခြေအနေနှင့် ပတ်သက်၍ သံဖြူဇရပ် PDF အပါအဝင် မည် သည့်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် Thanphyuzayat Watch FB စာမျက်နှာတွင် ယခုအချိန်သည် တော်လှန်ရေးအရှိန်မြှင့်နေသည့် ကာလဖြစ် သဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးရုံးများ၊ ရဲစခန်း များ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများကို သွားလာ ခြင်း မပြုကြရန် နောက်ဆုံး အကြိမ်သတိပေးကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ကျောင်းသားမိဘများ အနေဖြင့်လည်း မိမိတို့အနေဖြင့် ကျောင်းတက်နေကြသည့် ကလေးငယ်များ၊ သားသမီးများ၏ လုံခြုံရေးကို အာမခံနိုင်မည် မဟုတ်သဖြင့် အထူးဂရုပြုကြရန် သတိပေးလိုက်သည် ဟ ဆိုပြီးလည်း ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် သံဖြူဇရပ် မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မြို့အဝင်အထွက် နေရာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး တင်းကြပ် ထားသည်ဟု ဒေသခံများက ပြောသည်။