သတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။
စစ်ကောင်စီ သတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရ သည် ဟု ဒေသခံများက ပြောသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာနေ ဖိုးစည်ဆိုသူ စက်တင်ဘာ ၁၃ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင် အချိန်ခန့်က ရေးမြို့၊ တူးမြောင်းကျေးရွာအနီး လေယာဥ်ကွင်းနေရာတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။
ဖိုးစည် ဆိုသူကို ရေးဘီးလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့အဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ သတင်းပေးလုပ်ပြီး ပြည်သူများကို အမျိုးမျိုးသော ဒုက္ခများကို ပေးနေသည့် အတွက် ယခုကဲ့သို့ ရှင်းလင်းခဲ့ရခြင်းဖြစ်သည် ဟု လည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
”ဖိုးစည်က ရေးမြို့မှာနေထိုင်တဲ့ ပြည်သူတွေကို မသင်္ကာမှုနဲ့ စစ်ကောင်စီကို သတင်းပေးတယ်။ တိုင်ကြား တယ်။ ဖမ်းခိုင်းတယ်။ စစ်ကောင်စီက ဖမ်းပြီး အပြစ်မရှိပဲ ငွေညှစ်တယ်။ ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေး တယ်၊ ကျနော်တို့ pdf တွေကို လည်း စိန်ခေါ်တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ဖိုးစည်ဆိုသူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပစ်သတ်ခံခဲ့ရသည့် အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် ၏ သားဖြစ်သည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
”ဖိုးစည် ပစ်ခတ်ခံရပြီး သေသွားတယ်လို့ သိရတယ်။ သူ့အဖေလည်း ဒလန်ဆိုပြီး ပစ်သတ်ခံရတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ရှေ့ဆက်လည်း ရေးမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးပြီး ဒလန်လုပ်နေသူများကို ဆက်လက် ရှင်းလင်း သွားမည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ စစ်ကောင်စီ သ တင်းပေးဟု သတ်မှတ်ခံရသူများကို မကြာခဋ္ဌ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့် အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်း၊ တံတားနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခဋ္ဌပစ်ခတ်တိုက်ခိုက်လေ့ ရှိသည်။
စစ်ကောင်စီကတော့ ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု စစ် တပ်က သတင်းထုတ်ပြန်ထားသည်။