တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၃၁ – ၁၀ – ၂၂ )

အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်တို့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ပါတယ်။

KNU တပ်မဟာ ၆ နယ်မြေမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရာနဲ့ချီတဲ့အရပ်သားတွေထွက်ပြေးနေရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် တပ်ရင်း ၆ နယ်မြေ အနန့်ပါက ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ KIO က ပြောပါတယ်။