ဖမ်းဆီးထားတဲ့ KBC ဥက္ကဌဟောင်း နှင့် တွေ့ခွင့်ရရန် စစ်ကောင်စီ ဥက္ကဌထံ စာရေးတောင်းဆို

စစ်တပ်က ဖမ်းဆီးခံထားသည့် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်နှင့် နှစ်ပတ်ကျော်လာသည် အထိ တွေ့ခွင့်မရသေးကြောင်းနှင့် တွေ့ခွင့်ပေးရန်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာရေး တောင်းဆိုထားတယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ထုတ်ပြန် ပြောဆို လိုက်ပါတယ်။