တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၃ – ၁ – ၂၀၂၃ )
နယ်စပ်ဂိတ်ဖွင့်ပြီးနောက် တရုတ်ဘက်က ပြန်လာသူတွေထဲမှာ COVID-19 ရောဂါပိုးရှိသူ ၃ ဦးတွေ့ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မိုးတားလေးဒေသကို စစ်ကောင်စီက လေယာဉ်နဲ့အကြိမ်ကြိမ် တိုက်ခိုက်တာကြောင့် အရပ်သား ၈ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေ မပါဝင်ဖို့နဲ့ နိုင်ငံတကာကလည်း မကူညီဖို့ မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေးအင်အားစု SIF က တိုက်တွန်းလိုက်ပါတယ်။