မြစ်ကြီးနား လေတပ်တိုက်ခိုက်ခံရ၊ ဂျက်ဖိုက်တာ ၂ စီး ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီလေတပ်စခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး ဂျက်ဖိုက်တာ ၂ စီးပျက်စီးသွားသည်ဟု People’s Defense Forces- NBPPF မှ တာဝန်ရှိသူက ပြောသည်။

မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီလေတပ်စခန်းအား စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်ခန့်၌ လက် နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး F7 ဂျက်ဖိုက်တာ ၂ စီး ပျက်စီးသွားကြောင်း People’s Defense Forces – NBPPF မှ တာဝန်ရှိသူက ပြောသည်။

“မြစ်ကြီးနား မော်ဖောင်းရွာ ဘေးနားက လေတပ် ၄ လုံးနဲ့ပစ်ခဲ့တာ ၄ လုံးက ၂ လုံးဘဲ အထဲထဲဝင်သွားတယ် ကြားတယ်။ တစ်လုံးက ရွာထိပ်ကျတယ်ကြားတယ်။ F7 ဂျက် ၂ စီး ပြာကျသွားတယ်။ အဆောက်အအုံရယ် ဆက်သွယ်ရေး တာဝါတိုင်ရယ် ထိတယ်ကြားတယ်။ အတွင်းသတင်းက ပြောတာပေါ့။ လူအထိအခိုက်လည်း ရှိနိုင်တယ်” ဟု ပြောသည်။

အဆိုပါ လေတပ်တိုက်ခိုက်မှုတွင် ၉၀ မမ ၂ လုံး၊ ၁၀၇ မမ ၂ လုံ းစုစုပေါင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ တိုက်ခိုက် ပြီးနောက် ၎င်းတပ်အတွင်း ဆက်သွယ်ရေးလိုင်းများပါ ပြတ်တောက်သွားကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြော သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြစ်ကြီးနားလေတပ်စခန်းအား NBPPF တို့ တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်ဖြစ်ရာ အောင်မြင်မှုများလည်း ရခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သူက ပြောသည်။

လေတပ်စခန်းနေရာ တိုက်ခိုက်ခံရမှု ဖြစ်ပြီးနောက် မြစ်ကြီးနားမြို့ အဝင်အထွက် ဂိတ်များတွင် အသွားအလာ တင်းကျပ်နေပြီး စစ်ကောင်စီတပ်မှ အစစ်အဆေးများ ပြုလုပ်နေကြောင်း မြစ်ကြီးနားမြို့ဒေသခံက ဆိုသည်။

မြို့ခံတစ်ဦးက “ဒီနေ့မနက်တော့ မသံကြားလိုက်တယ်။ ဒီတိုင်း လေ့ကျင့်နေကြတာဘဲ ထင်တာ။ နောက်မှ တိုက်ခိုက်ခံရတာလို့သိ ရတာ။ ဒါကြောင့်ကိုး လမ်းမှာ စစ်ဆေးတာတွေ လုပ်နေတာ” ဟု ပြောသည်။

မြောက်ပိုင်းညီနောင်များအဖွဲ့ NBPDF ၏ ထုတ်ပြန်ချက်အရ မြစ်ကြီးနား လေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှု အတွင်း တိုက်လေယာဥ် ၂ စင်းအပြင် လေတပ်ဆက်သွယ်ရေး တာဝါတိုင်၊ တိုက်လေယာဥ် စက်ပြင်သော ဂိုဒေါင်နှင့် လေတပ်အရာရှိများ နေသည့်အဆောင်များပါ ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

မြစ်ကြီးနား လေတပ်သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လေ ကြောင်းမှ အဓိက ပါဝင် တိုက်ခိုက်နေခြင်း ဖြစ်သည်။