တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၄ – ၁၂ – ၂၃ )
လွိုင်ကော်တက္ကသိုလ်ကနေ ကယ်ထုတ်လာတဲ့ Non-CDM ဝန်ထမ်းနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ကရင်နီပြည် ဥပဒေနဲ့အညီ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ကနေ ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်မှာ အရပ်သားလူထုတွေ အားကိုးအားထားနေရတဲ့ ဆေးရုံ ၆ ခုအပါအဝင် ဆေးခန်းတွေလည်း စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ ကရင်နီဆရာဝန်များအစည်းအရုံးက ပြောပါတယ်။
ကရင်နီပြည်မြို့တော် လွိုင်ကော်မှာသာမက ကရင်နီတစ်ပြည်လုံးမှာ စစ်ကောင်စီရဲ့အုပ်ချုပ်မှုယန္တရား လည်ပတ်မှု ရပ်ဆိုင်းသွားပြီလို့ ဆိုကြပါတယ်။