အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထား လက်ရှိ အခြေအနေပေါ် သက်ရောက်မှု ရှိဟု NUG ယာယီ သမ္မတ ဆို
အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ ပြည်တွင်း အခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆို လိုက်ပါတယ်။
အခုလို ပြောဆိုမှုဟာ တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြီး စတင်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ တပ်စခန်း တွေနဲ့ မြို့တွေ သိမ်းယူမှုလုပ်ပြီးနောက်မှာ ထွက်ပေါ်လာတာပါ။