တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၁ – ၁၂ – ၂၀၂၃ )

၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၄၀ ကျော်လာတဲ့အချိန်မှာ မြို့ ၉ မြို့နဲ့ ရာနဲ့ ချီတဲ့ စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်လိုက်ပါတယ်။ 

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာရှိတဲ့ ခရစ္စတူးဘုရင် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းဝန်းထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲထားလိုက်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ ပြည်တွင်းအခြေအနေအပေါ် အများကြီး သက်ရောက်မှုရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆို လိုက်ပါတယ်။