ထောင်ကျ စစ်သည်များ ရှေ့တန်း ပို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။

ထောင်ကျ စစ်သားများကို ထောင်ပြန်မချကြောင်း လက်မှတ်ထိုးပေးပြီးနောက် စစ်တပ်ထဲ ပြန်ခိုင်းကာ ချက်ခြင်း ရှေ့တန်းသို့ ပို့နေသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်ထောင်တွင် ပြစ်မှု အမျိုးမျိုးဖြင့် ထောင်ကျနေသော စစ်သားဟောင်းများကို ထောင်အာဏာပိုင်ထံမှ ထောင်ပြန်မချကြောင်း လက်မှတ်ထိုးပေးပြီးနောက် ဒီဇင်ဘာ ၂၂ နေ့ညက ညတွင်းချင်း ရှေ့ တန်း ပို့လိုက်သည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

အကျဉ်းထောင် ဝန်ထမ်းတစ်ဦးက “တပ်ပြေးတွေနဲ့ စစ်စည်းကမ်း အရပ်ဖက် ပြစ်မှုတွေနဲ့ ထောင်ကျနေတဲ့ စစ် သားဟောင်းတွေပါ မုဒိမ်းမှုနဲ့ ထောင် ကျနေတဲ့ စစ်သားကိုတောင် ညွှန်မှူးကြီး (ထောင်ညွှန်ကြားရေးမှူး) ကိုယ် တိုင်က ကျန်ပြစ်ဒဏ်တွေကို အရေး မယူတော့ဘူးဆိုတာကို လက်မှတ်ထိုး ပေးလိုက်တယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ည ၆ နာရီ ၄၅ မိနစ် အချိန်ခန့်က မီးတန်းပါသော စစ်ပွိုင့်ကားအသေး တစ်စီး ဦးဆောင် ပြီး နောက်မှပါလာသည့် စစ်ဖေါကား (FAW) ကား ၄ စီးသည် ပုသိမ်ထောင်ဝန်းအတွင်း မောင်းဝင်လာပြီး ဗိုလ် လုပ်သူက ပုသိမ်အကျဉ်းထောင် အာဏာပိုင်၏ အပြစ်ဒဏ် ကင်းလွတ်ခွင့် ဝန်ခံချက် လက်မှတ်ကို ယူကာ ချက် ခြင်း ရှေ့တန်းသို့ ပို့လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘလ ဒုတိယပတ် အတွင်းက ပုသိမ်ထောင် နှင့် ဧရာဝတီတိုင်း အတွင်း အခြားထောင်များက ပြစ် မှု အသီးသီးနဲ့ ထောင်ကျနေသော စစ်သားဟောင်း ၂၀၀ ကျော်ဝန်းကျင်ကို စစ်ကောင်စီက ထုတ်ယူသွားပြီး နောက် ကွင်းကောက်ရှိ လေ့ကျင့်ရေးတပ်မှာ ရက်တို မွန်းမံသင်တန်းပေးကာ ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ် သည်။

ပုသိမ်ထောင်ဝန်းအတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ညက ဝင်ရောက်လာသော FAW ကား ၄ စီး အနက် တစ်စီး ပေါ်တွင် ရိက္ခာအပြည့် တင်ဆောင်ထားသည်ကို တွေ့ရှိပြီး ကျန် FAW ကား ၃ စီးတွင် သေနတ်ကိုင်ထားသော စစ်သားများ အပြည့်ပါသည်ဟု ပုသိမ်မြို့ခံ မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

အသက် ၇၅ နှစ် ခန့်အရွယ် ပုသိမ်မြို့ခံ စစ်သားဟောင်းကြီး ဦးဝင်းမောင်က “မင်းလှိုင်အောင် တပ်တွေမှာ အင် အားချို့တဲ့နေတယ်လေ။ စစ်မျက်နှာတိုင်းမှာ ရှုံးနေတော့ စစ်အင်အားဖြည့်ဖို့ သေမထူး နေမထူးကောင်တွေကို အသုံးချတာ ဖြစ်မယ်။ လေတပ်သာ မရှိရင် အခုလောက်ဆို နေပြည်တော်ကျ နေလောက်ပြီ” ဟု ပြောသည်။

စစ်ကောင်စီ စစ်သားများ တင်ဆောင်လာသော အဆိုပါယာဉ်တန်းသည် ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ဗောဓိ မြိုင်ရပ်က ထပ်ဆင့် အသံလွှင့်ရုံတွင် လုံခြုံရေး ချထားသော စစ်ကောင်စီ တပ်ဖွဲ့က စစ်သားအချို့ကို ထပ်ဖြည့် တင်ဆောင်ပြီးမှ အကျဉ်းထောင်ဘက်ကို မောင်းနှင်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ပုသိမ်ထောင်တွင်းက ထွက်ခွာသွားသည့် ထိုစစ်ယာဉ်တန်းသည် ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ည ၉ နာရီ ခွဲဝန်းကျင် အချိန်ခန့်က ပုသိမ်ခရိုင်၊ ငသိုင်းချောင်းမြို့၊ ငဝန်မြစ်ကူးတံတားကို ဖြတ်ကာ ပုသိမ် – မုံရွာ လမ်းမကြီး အတိုင်း ဆက်လက် မောင်းနှင်သွားသည်ဟု ငသိုင်းချောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။