“မိုခါ” မုန်တိုင်းကြောင့် ဆားငန်ရည်ဝင်ခဲ့သော လယ်ယာများ အထွက်နှုန်းကျ
ရခိုင်ပြည်ကို အခြေပြုတိုက်ခတ်ခဲ့တဲ့ ‘မိုခါ’မုန်တိုင်းကြောင့် ပင်လယ်ဆားငန်ရည်ဝင်ရောက်ခဲ့တဲ့မြို့တွေက လယ်ယာစပါးခင်းတွေဟာ စပါးရိတ်ရာသီမှာ အရင်နှစ်ထက် အထွက်နှုန်း ၈၀ ရာခိုင်နှုန်းထက်မနည်း လျှော့ကျသွားခဲ့တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။