တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၁ – ၃ – ၂၄ )
ရှမ်းပြည်မြောက်ပိုင်းက မြို့ ၃ မြို့ကို စစ်အုပ်ချုပ်ရေးကြေညာတာဟာ ဟိုင်ဂင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရာမှာ အခက်အခဲတွေဖြစ်ပေါ်လာမှာကို အထူးစိုးရိမ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုလိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြို့ ၇ မြို့မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် အပါအဝင် ကန့်သတ်ချက်အမိန့်တွေကို ရုပ်သိမ်းလိုက်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က စစ်သားတွေဟာ ရခိုင်ပြည် မင်းပြားက အမျိုးသမီးတစ်ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ရာမှာ ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။