တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၅ – ၄ – ၂၀၂၄ )

ကချင်နဲ့ ကရင်ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး နယ်စပ်မြို့တွေကို တိုင်းရင်းသားတော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားလိုက်ပါတယ်။ 

ကရင်နီပြည်မှာ စစ်ကောင်စီက အခြေခံစစ်ပညာသင်တန်းဖွင့်လှစ်ခဲ့တယ် ဆိုတဲ့ကိစ္စဟာ ဝါဒဖြန့်ပြောဆိုမှုသာဖြစ်တယ်လို့ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ပွဲလမ်းသဘင်တွေကို ဆာငတ်နေပေမဲ့လည်း လက်ရှိနိုင်ငံရေး အခြေအနေကိုစဉ်းစားပြီး စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် အင်းလေးသင်္ကြန်မှာ မပါဝင်ကြဖို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။