တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (၂၀ – ၅ – ၂၂)
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူ နမ်ခမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်တို့က အပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့က မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်အမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကောင်စီဘက်က ဝါဒဖြန့်နေပေမဲ့ ကရင်နီပြည် လွိုင်ကော်မြို့ကို စစ်ဘေးရှောင်တွေပြန်နေဖို့ စိတ်မချရသေးဘူးလို့ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။