ယူကရိန်းကို နှစ်နှစ်စာ ထောက်ပံ့ရန် ဥရောပသမဂ္ဂ ဆုံးဖြတ်ချက်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။ 

ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များသည် ယူကရိန်းနိုင်ငံ၏ စစ်ရေးနှင့် စီးပွားရေးအတွက် လာမည့် ၂ နှစ်စာ (၂၀၂၆-၂၇) ရန်ပုံငွေအဖြစ် ယူရို ၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံခန့်) ထောက်ပံ့ပေးရန် သဘောတူညီခဲ့ကြသည်။ 

ယူကရိန်းသည် အမေရိကန်၏ ထောက်ပံ့မှု လျော့နည်းသွားခြင်းကြောင့် လိုငွေပြနိုင်သည့် အခြေအနေကို ဖြည့်ဆည်းရန် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

ဤထောက်ပံ့ငွေကို ချေးငွေ (Loan) အနေဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ယူကရိန်းအနေဖြင့် ရုရှားထံမှ စစ်လျော်ကြေးရရှိမှသာ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ 

အဆိုပါချေးငွေအတွက် အာမခံအဖြစ် ဥရောပ၌ ရပ်ဆိုင်း သိမ်းဆည်းထားသော ရုရှားပိုင်ဆိုင်မှုများကို လတ်တလောတွင် သုံးစွဲ ဦးမည်မဟုတ်ကြောင်းလည်း သဘောတူကြသည်။ 

သို့သော်လည်း ထို ရုရှားပိုင်ဆိုင်မှုများကို မည်သို့အသုံးချရမည်နည်းဟူသော အချက်နှင့်ပတ်သက်၍ EU အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ဆွေးနွေး အဖြေရှာလျက်ရှိသည်။