ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးအတွက် အမေရိကန်က ဒေါ်လာ ၄၅ သန်း ကူမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၄၅ သန်း ထောက်ပံ့မည်ဟု ကြေညာခဲ့သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဒီဆောင်ဘရေးက ဘန်ကောက်မြို့တွင် ထိုင်းအရာရှိများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အကူအညီများကို နယ်စပ်ပြန်လည်ထူထောင်ရေး၊ မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေးတို့တွင် အသုံးပြုမည် ဖြစ်သည်။
တဖက်တွင်လည်း တရုတ်နိုင်ငံက ကမ္ဘောဒီးယားသို့ ဒေါ်လာ ၂.၈ သန်း ကူညီထားပြီး ထိုင်းနိုင်ငံကိုလည်း ကူညီရန် ကမ်းလှမ်းထားသည်။