မြန်မာ့ရွေးကောက်ပွဲရလဒ်ကို အာဆီယံအဖွဲ့ အသိအမှတ်မပြုကြောင်း ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြီးစီးခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး၌ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲရလဒ်ကို အာဆီယံအဖွဲ့အနေဖြင့် အသိအမှတ်မပြုကြောင်း အလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက အတည်ပြု ပြောကြားလိုက်သည်။
စစ်ကောင်စီ ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရသည်ဟု ကြေညာထားသော ရွေးကောက်ပွဲရလဒ်ကို အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံလုံးက လက်ခံခြင်းမရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရို (Theresa Lazaro) က AP သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှနန် ကလည်း မြန်မာ့အရေးတွင် တရားဝင်မှုရှိသော အစိုးရတစ်ရပ် ပေါ်ထွက်လာရန်အတွက် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။
ထို့အပြင် ယင်းအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ် (Code of Conduct) ကို ယခုနှစ်အတွင်း အပြီးသတ်နိုင်ရန် တရုတ်နိုင်ငံနှင့် လစဉ် ဆွေးနွေးပွဲများ ပြုလုပ်သွားရန်လည်း သဘောတူညီခဲ့ကြသည်။