တရုတ်နိုင်ငံက ပယ်မိသားစုဝင်များကို သေဒဏ်စီရင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။ 

ကိုးကန့်ဒေသ လောက်ကိုင်မြို့၌ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဦးဆောင်ခဲ့သည့် ပယ်မိသားစုဝင် ၄ ဦးအား တရုတ်နိုင်ငံက သေဒဏ်စီရင်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

ကွမ်တုံပြည်နယ် တရားရုံး၏ စီရင်ချက်အရ ပယ်မိသားစုဝင်များနှင့် အပေါင်းအပါ ၂၁ ဦးသည် ငွေလိမ်လည်မှု၊ လူသတ်မှုနှင့် ပြန်ပေးဆွဲမှုများကို ကျူးလွန်ခဲ့သဖြင့် ပြစ်မှုထင်ရှားခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ ရာဇဝတ်မှုများကြောင့် တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ရသည်ဟု တရုတ်တရားရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

မိသားစုခေါင်းဆောင် ပယ်စောက်ချိန်မှာမူ သေဒဏ် မစီရင်မီမှာပင် ဖျားနာ၍ ကွယ်လွန်သွားခဲ့သည်။