ဗန်းမောက်ဒေသခံများ NUG ကို ထောက်ခံသော်လည်း ရွှေလုပ်ကွက်များ ပြန်ဖွင့်ရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် တောင်ပိုင်းရှိ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင် (၅၀၀) ကျော် သည် NUG ကို ပြည်သူ့အစိုးရအဖြစ် ဆက်လက်ထောက်ခံကြောင်း ပြသခဲ့ကြသော်လည်း လက်ရှိကျင့်သုံးနေသည့် ရွှေတူးဖော်မှုမူဝါဒကို ပြန်လည်သုံးသပ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်သူ့အစိုးရအဖြစ် ဆက်လက်ထောက်ခံကြောင်း ပြသခဲ့ကြသော် လည်း လက်ရှိကျင့်သုံးနေသည့် ရွှေတူးဖော်မှုမူဝါဒကို ပြန်လည်သုံးသပ်ပေးရန် ဖေဖော်ဝါရီလ (၉) ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

‘NUG အစိုးရ တို့အစိုးရ’ ဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည့် အဆိုပါလူထုသည် ဒေသခံများ၏ စားဝတ်နေ ရေး အတွက် တိကျခိုင်မာသည့် ရွှေတူးဖော်မှုမူဝါဒ ချမှတ်ပေးရန်နှင့် ပိတ်သိမ်းထားသည့် တစ်နိုင်တစ်ပိုင် လုပ်ကွက်များကို ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာမှု အခြေအနေနှင့် ပတ်သက်၍ ကျနော်တို့ ဒီက ဗန်းမောက်သူ ဗန်းမောက်သားတွေက စစ်အုပ်စုကို ဘယ်တော့မှ အသိအမှတ်မပြုဘူး။ NUG ကိုပဲ ကိုယ့်အစိုးရလို့ ယုံကြည်တယ်။ ဒါပေမဲ့ အခုက NUG သယံဇာတအဖွဲ့က လုပ်ကွက်တွေအကုန် လိုက်ပိတ်ခိုင်းနေတော့ လက်လုပ်လက်စားတွေ ငတ်မတတ် ဖြစ်နေပြီ။ တော်လှန်ရေးကို ထောက်ခံသလို ကျနော်တို့ ဝမ်းရေးကိုလည်း အစိုးရအနေနဲ့ စာနာပေး စေချင် တယ်ဟု ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီအချို့သည် အစိုးရ၏ မူဝါဒကို ချိုးဖောက်ကာ အစုစားလုပ်ကွက်များကို စနစ်တကျမဟုတ်ဘဲ ပြန်လည်ခ ျထားပေးနေမှုများကြောင့်သာ လုပ်ငန်းပိတ်သိမ်းမှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားထား သည်။

ဗန်းမောက်မြို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၈) ရက်နေ့ကမှ တော်လှန်ရေးအင်အားစုများ လက်လွှတ်ခဲ့ရသည့် မြို့ဖြစ်သော်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား စိုးမိုးနိုင်ခြင်းမရှိသည့် မြို့နယ်တောင်ပိုင်းဒေသများတွင် ပြည်သူများက NUG အစိုးရအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူထုဆန္ဒထုတ်ဖော်ပွဲကို ဗန်းမောက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က လုံခြုံရေးယူပေးခဲ့ပြီး ဒေသခံများကတော့ အစိုးရနှင့် ပြည်သူကြား မြေပြင်အခြေအနေကို ထင်ဟပ်သည့် မူဝါဒများ ပေါ်ထွက်လာရန် မျှော်လင့်နေကြသည်။