အီရန် စစ်ပွဲ အတွင်း ဒစ်ဂျစ်တယ် တိုက်ခိုက်မှုများ အရှိန်မြင့်လာ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်။ 

လက်ရှိ အီရန်ပဋိပက္ခတွင် လက်နက်ဖြင့် တိုက်ခိုက်မှုများသာမက အင်တာနက်မှတစ်ဆင့် တိုက်ခိုက်သည့် ဆိုင်ဘာစစ်ပွဲ (Cyber Warfare) သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ 

အီရန်ဒုံးကျည်များကြောင့် အစ္စရေးပြည်သူများ ဗုံးခိုကျင်းအတွင်း ခိုလှုံနေစဉ် ဖုန်းစာတိုများမှတစ်ဆင့် “ဗုံးခိုကျင်းတည်နေရာသိရှိရန်” ဟုဆိုကာ ပေးပို့သော လင့်ခ် များမှတစ်ဆင့် စပိုင်ဝဲ (Spyware) များ ထည့်သွင်းကာ ဖုန်းအတွင်းရှိ ကင်မရာ၊ တည်နေရာနှင့် အချက်အလက်များကို ခိုးယူလျက်ရှိသည်။

ထို့ပြင် အီရန်ထောက်ခံသည့် ဟက်ကာများသည် အမေရိကန်အခြေစိုက် ဆေးဘက်ဆိုင်ရာ ကုမ္ပဏီများ၊ ရေပေးဝေရေးစနစ်၊ ရထားလမ်း၊ ဆေးရုံနှင့် ဒေတာစင်တာ (Data Center) ကဲ့သို့သော အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်လာကြသည်။ 

AI နည်းပညာကို အသုံးပြု၍ သတင်းမှားများ ဖြန့်ဝေခြင်း၊ စစ်သင်္ဘောများ နစ်မြုပ်သွားသည့် ပုံတုများ ဖန်တီးခြင်းနှင့် စစ်မြေပြင်ဗီဒီယိုအစစ်အမှန်များကို အတုအဖြစ် ဝါဒဖြန့်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဌာနသစ်တစ်ခုကို ဖွင့်လှစ်ဆောင်ရွက်နေရပြီး အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တာလ်ဆီ ဂက်ဘာ့ဒ် (Tulsi Gabbard) ကလည်း AI ကို အသုံးပြု၍ ကာကွယ်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်။ 

အပစ်အခတ်ရပ်စဲရေးရရှိခဲ့လျှင်ပင် ဆိုင်ဘာတိုက်ခိုက်မှုများသည် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ထားသည်။