ကမ္ဘာ့ဖလားဖိုင်နယ် အားလပ်ချိန်အချိန်တိုးပြီး ဂျပ်စတင်ဘီဘာ၊ ရှကီယာ၊ မက်ဒေါနားတို့ ဖျော်ဖြေမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။
လာမယ့် တနင်္ဂနွေနေ့မှာ ကန်တော့မယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲဟာ ဘောလုံးပွဲတင်မကဘဲ ကမ္ဘာကျော် စူပါစတားတွေ စုံလင်မယ့် ဧရာမ ဖျော်ဖြေပွဲကြီးတစ်ခု ဖြစ်လာတော့မှာပါ။
ဒီတစ်ကြိမ် ဗိုလ်လုပွဲရဲ့ ထူးခြားချက်ကတော့ ပုံမှန် ၁၅ မိနစ်ပဲ ပေးလေ့ရှိတဲ့ ပွဲနားချိန် (Half-time break) ကို မိနစ် ၂၀ ကနေ ၂၅ မိနစ်အထိ တိုးမြှင့်သွားဖို့ ရှိနေတာပါ။
ဘာလို့လဲဆိုတော့ ဒီအားလပ်ချိန်အတွင်းမှာ ၁၁ မိနစ်စာ စိတ်ဝင်စားဖွယ် ဖျော်ဖြေပွဲကြီးတစ်ခု ထည့်သွင်းထားလို့ ဖြစ်ပါတယ်။
စင်မြင့် ပွဲနားချိန် ဖျော်ဖြေပွဲကို ကမ္ဘာကျော် ပေါ့ပ်ဘုရင်မကြီး မက်ဒေါနား (Madonna)၊ ကမ္ဘာ့ ဖလား ကြယ်ပွင့် လက်တင်တေးသံရှင် ရှာကီယာ (Shakira) နဲ့ ကမ္ဘာကျော် K-pop ယောက်ျားလေးအဖွဲ့ BTS တို့က ပူးတွဲခေါင်းဆောင်ပြီး ဖျော်ဖြေကြမှာပါ။
ဒါတင်မကသေးဘဲ ပြီးခဲ့တဲ့အပတ်ကမှ ဖျော်ဖြေမယ့်စာရင်းထဲကို ပေါ့ပ်စတား ဂျပ်စတင်ဘီဘာ (Justin Bieber) ပါ ထပ်တိုးလိုက်တဲ့အတွက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသွားပါတယ်။
ဒီဖျော်ဖြေပွဲကြီးကို Coldlplay အဖွဲ့က Chris Martin ကိုယ်တိုင် စီစဉ်ညွှန်ကြားထားတာဖြစ်ပြီး Burna Boy နဲ့ Gustavo Dudamel တို့လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။
အားလပ်ချိန် ဖော်ဖြေပွဲတင်မကပါဘူး။ ဗိုလ်လုပွဲ မစတင်ခင် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခွဲမှာ ပိတ်ပွဲအခမ်းအနားကို အရင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
အဲ့ဒီအခမ်းအနားမှာ ဟောလိဝုဒ်မင်းသားကြီး တွမ်ခရုစ် (Tom Cruise)၊ နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ Laura Pausini၊ Nicole Scherzinger၊ Robbie Williams နဲ့ လူမှုကွန်ရက်ဆယ်လီ IShowSpeed တို့ ပါဝင်ဆင်နွှဲကြမှာဖြစ်ပြီး အမေရိကန်နိုင်ငံတော်သီချင်းကိုတော့ ဂျန္နီဖာ ဟတ်ဒ်ဆင် (Jennifer Hudson) က သီဆိုမှာပါ။
ဗိုလ်လုပွဲ အခြေအနေ လောလောဆယ်မှာတော့ စပိန်အသင်းက ပြင်သစ်ကို ၂ ဂိုး – ဂိုးမရှိနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို ပထမဆုံး တက်ရောက်သွားခဲ့ပါပြီ။
စပိန်နဲ့ ရင်ဆိုင်ရမယ့်အသင်းကတော့ အာဂျင်တီးနားလား၊ အင်္ဂလန်လားဆိုတာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ပွဲစဉ်အပြီးမှာ သိရတော့မှာ ဖြစ်ပါတယ်။