ကမ္ဘာ့ဖလား လက်မှတ် ၁၇,၀၀၀ နီးပါး တပြိုင်တည်း ရုတ်သိမ်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။ 

၂၀၂၆ ကမ္ဘာ့ဖလားကျင်းပရန် ၆ လအလိုတွင် ပရိသတ်ပေါင်း ၁၇,၀၀၀ ခန့်က လက်မှတ်များကို တစ်ပြိုင်နက် ပယ်ဖျက်လိုက်ခြင်းကြောင့် FIFA အဖွဲ့ချုပ်သည် အရေးပေါ်အစည်းအဝေး ခေါ်ယူထားရသည်။ 

ယင်းသို့ ဖြစ်ရခြင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဗင်နီဇွဲလားအပေါ် လေကြောင်းတိုက်ခိုက်မှု အမိန့်နှင့် အခြားနိုင်ငံများအပေါ် ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

လူမှုကွန်ရက်တွင်လည်း #BoycottWorldCup လှုပ်ရှားမှုများ အားကောင်းလာပြီး အမေရိကန်နိုင်ငံ၏ ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် ပရိသတ်များ လာရောက်ရန် ခက်ခဲနေသည်။ 

ထို့အပြင် ဗြိတိန်လွှတ်တော်အမတ်အချို့ကလည်း အမေရိကန်အား အိမ်ရှင်အဖြစ်မှ ဖယ်ရှားရန် တောင်းဆိုနေကြရာ FIFA အနေဖြင့် လက်မှတ်ရောင်းအား၊ လုံခြုံရေးနှင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။