ထိုင်းနိုင်ငံတွင် ကရိန်းပြိုကျမှုကြောင့် လူအများအပြား သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။
ထိုင်းနိုင်ငံတွင် နှစ်ရက်အတွင်း ကရိန်းပြိုကျသည့် မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူပေါင်း ၃၀ ကျော် သေဆုံးခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်က နခွန်ရတ်ချ်စီမာခရိုင်တွင် မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးကရိန်းတစ်ခု ခရီးသည်တင်ရထားပေါ်သို့ ပြိုကျခဲ့သဖြင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ယနေ့ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင်လည်း ဆမွတ်ဆာခွန်ခရိုင်၊ ရာမ ၂ လမ်းမကြီးပေါ်တွင် ကရိန်းတစ်ခု ထပ်မံပြိုကျခဲ့သဖြင့် လူ ၂ ဦး ထက်မနည်း သေဆုံးခဲ့ပြန်သည်။
လက်ရှိတွင် ထိုင်းအစိုးရက သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီများကို တရားစွဲဆိုရန် ပြင်ဆင်နေပြီး လုပ်ငန်းခွင်များကိုလည်း ခေတ္တပိတ်သိမ်းထားရန် ညွှန်ကြားထားသည်။