ထိုင်းနိုင်ငံ ပသုမ်ဌာနီတွင် သေနတ်ကိုင်ဆောင်ထားသူ တစ်ဦး လွတ်မြောက်နေခြင်းကြောင့် စာသင်ကျောင်း ၁၄ ကျောင်း ပိတ်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။ 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ (ယနေ့) တွင် ထိုင်းနိုင်ငံ၊ ပသုမ်ဌာနီခရိုင်၊ လတ်လုမ်ကယောက်မြို့နယ်ရှိ စာသင်ကျောင်း (၁၄) ကျောင်းကို ဘေးကင်းလုံခြုံရေးအရ အရေးပေါ် ပိတ်လိုက်ကြောင်း ထိုင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အသက် (၃၀) အရွယ်ရှိ “နိုပရတ် ဂျင်တို” (ခေါ်) အယ်လ် (L) ဆိုသူဖြစ်ပြီး ၎င်းသည် ချွန်ဘူရီခရိုင်တွင် ဇနီးဖြစ်သူအား ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ကယ်ဆယ်ရေးယာဉ်အား သေနတ်ဖြင့် ပစ်ခတ်မှုများ ကျူးလွန်ပြီးနောက် ထွက်ပြေးလွတ်မြောက်နေသူ ဖြစ်သည်။

တရားခံသည် လတ်လုမ်ကယောက်ရှိ ၎င်း၏နေအိမ်သို့ ထွက်ပြေးလာပြီး ယောက္ခမဖြစ်သူအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဇနီးဖြစ်သူနှင့် တွေ့ဆုံပေးရန် ခြိမ်းခြောက်ခဲ့သည်။ 

ယောက္ခမဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း တရားခံမှာ လက်နက်များနှင့်အတူ လွတ်မြောက်နေဆဲ ဖြစ်သည်။

စာသင်ကျောင်းများကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုး မရှိသေးသော်လည်း တရားခံမှာ အကြမ်းဖက်တတ်သည့် သမိုင်းကြောင်းရှိပြီး လက်နက်ကိုင်ဆောင်ထားသဖြင့် ကျောင်းသားများ၏ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိတ်ထားခြင်း ဖြစ်သည်။

Wat Na Mai Community School၊ Bua Kaew Kesaorn School နှင့် Wat Bua Khwan School အပါအဝင် ဒေသတွင်းရှိ ကျောင်းပေါင်း (၁၄) ကျောင်း ဖြစ်ပါသည်။ သတင်းအောက်ပိုင်းတွင် ကျောင်းစာရင်းကို ဖော်ပြထားသည်။ 

လက်ရှိတွင် ရဲတပ်ဖွဲ့က တရားခံအား အပြင်းအထန် ရှာဖွေနေပြီး ပြည်သူများအနေဖြင့် အဆိုပါ တရားခံအား တွေ့ရှိပါက ရဲစခန်းဖုန်း ၀၉၄-၉၆၉၉၃၆၅ သို့မဟုတ် အရေးပေါ်ဖုန်း ၁၉၁ သို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားရန် နှိုးဆော်ထားပါသည်။

ပိတ်ထားလိုက်ရသော ကျောင်းစာရင်း 

1.    Sangkaruk Bumrung School

2.    Wat Bo Ngoen School (Prachanukul Wittaya)

3.    Wat Nekkhamararam School

4.    Samwa Witthaya School

5.    Wat Lam Maha Mek School (Pracharat-Anusorn)

6.    Sawangrat Bumrung School

7.    Khlong Lat Chang School (Janthaset- Uphatham)

8.    Prachum Wittaya School

9.    Wat Na Mai Community School

10.                  Wat Bua Suwan Pradit School

11.                  Khlong La Khaon School

12.                  Wat Bua Khwan School

13.                  Bua Kaew Kesaorn School

14.                  Ban Khlong Kwang Bon School