ထိုင်းရောက် မြန်မာလုပ်သားများအကြား ခိုက်ရန်ဖြစ်ပွား 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။ 

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအကြား အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးချက် ထုတ်ပြန်ခဲ့သည်။ 

စမွတ်ပရာကန်ခရိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ နှစ်ဖက်ပြေလည်သွားသော်လည်း ဇန်နဝါရီ ၁၃ ရက်နေ့က ချွန်ဘူရီခရိုင်၌ မြန်မာအလုပ်သမားအချင်းချင်း ရန်ဖြစ်မှုကြောင့် လူနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ထိုသို့သော ဖြစ်ရပ်များကြောင့် ထိုင်းလူထု၏ ဝေဖန်မှုနှင့် အာဏာပိုင်များ၏ တင်းကျပ်သော စစ်ဆေးမှုများ ပေါ်ပေါက်လာနိုင်သဖြင့် အိမ်ရှင်နိုင်ငံ၏ ဥပဒေနှင့် ယဉ်ကျေးမှုကို လေးစားလိုက်နာရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက်တွင် တိုက်တွန်းခဲ့သည်။ 

အလုပ်သမားအရေး ဆောင်ရွက်သူများကလည်း ပြဿနာများကို လက်တုံ့ပြန်ခြင်းထက် ဥပဒေကြောင်းအရသာ ဖြေရှင်းရန် အကြံပြုထားကြသည်။