ဂျပန်တွင်မိုးသည်းထန်စွာရွာသွန်းပြီး ၄ ဦးသေဆုံး၊ နာရီတာ လေဆိပ် ခရီးသွားများ သောင်တင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်။  

ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် ထိစပ်နေသော ချီဘား (Chiba) ခရိုင်တွင် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ 

မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံး၊ ငါးဦး ဒဏ်ရာရရှိပြီး တစ်ဦး ပျောက်ဆုံးနေသည်ဟု ဂျပန် အစိုးရက ထုတ်ပြန်သည်။ 

ဘေးအန္တရာယ်ကြောင့် ဒေသခံ အိမ်ထောင်စု ၁ သိန်းကျော်အား အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးထားရသည်။ 

မိုးလေဝသဌာနကလည်း အမြင့်ဆုံး အန္တရာယ်အဆင့် ၅ ထိ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ 

ယင်းသည် ချီဘားခရိုင်သမိုင်းတွင် ပထမဆုံးအကြိမ် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ရခြင်း ဖြစ်သည်။

မုန်တိုင်းကြောင့် ဒေသတွင်း အိမ်ထောင်စု ၂ သောင်း ၃ ထောင်ကျော် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။ 

ထို့ပြင် တိုကျို နာရိတာ (Narita) အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆက်သွယ်ထားသော လမ်းကြောင်းများ ပိတ်ဆို့သွားခဲ့သဖြင့် ခရီးသွား ၇,၀၀၀ ခန့် လေဆိပ်တွင် ညလုံးပေါက် သောင်တင်ခဲ့ရသည်။

Photo:AFP