ဘရူးနိုင်းဘုရင်ကချွေးမဖြစ်သူ၏ တော်ဝင်ဘွဲ့တံဆိပ်များရုပ်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်။
ဘရူနိုင်းဘုရင် ဟာဆာနယ် ဘိုကီးယား (Sultan Hassanal Bolkiah) သည် တော်ဝင်မိသားစုနှင့် မလျော်ကန်သော ပြုမူနေထိုင်မှုများရှိခဲ့သည်ဟုဆိုကာ ချွေးမဖြစ်သူ၏ တော်ဝင်ဘွဲ့တံဆိပ်များ အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အစိုးရရုပ်သံ RTB News က သတင်းထုတ်ပြန်သည်။
ဘွဲ့တံဆိပ် ရုပ်သိမ်းခံရသူမှာ အသက် ၃၃ နှစ်အရွယ် ပန်ဂီရန် ရာဘီရာတူး အာဒါဝီယာ (Pengiran Raabi’atul Adawiyyah) ဖြစ်ပြီး၊ အသက် ၈၀ အရွယ် ဘရူနိုင်းဘုရင်အပေါ် လေးစားမှုမရှိသော ပြုမူဆောင်ရွက်ချက်များကြောင့် ရာထူးဘွဲ့တံဆိပ်များ ရုပ်သိမ်းခံရခြင်း ဖြစ်သည်။
အဆိုပါ လုပ်ဆောင်ချက်သည် ဘုရင်မင်းမြတ်၏ တိုက်ရိုက်အမိန့်တော်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း နန်းတော်ပြန်ကြားရေးဌာနက ထုတ်ပြန်သော်လည်း သီးခြားအသေးစိတ် အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ပန်ဂီရန်သည် ၂၀၁၅ ခုနှစ်တွင် ဘရူနိုင်းထီးနန်း ဆက်ခံပိုင်ခွင့် အဆင့် ၄ ရှိသူ မင်းသား အဗ္ဗဒူ မာလစ် (Prince Abdul Malik) နှင့် ထိမ်းမြားလက်ထပ်ခဲ့သူ ဖြစ်သည်။
မိခင်ဖြစ်သူ၏ ဘွဲ့တံဆိပ်များ ရုပ်သိမ်းခံရသော်လည်း ၎င်း၏ သမီးတော်လေးဦး၏ တော်ဝင်ဘွဲ့တံဆိပ်များနှင့် ရပိုင်ခွင့်များမှာမူ မူလအတိုင်း တည်ရှိမည်ဖြစ်သည်ဟု ဆိုသည်။
Photo:AFP