ရုရှားက နေတိုး နယ်မြေတွေကို တိုက်မှာမဟုတ်ကြောင်း ထရန့် အာမခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ရုရှားအနေဖြင့် နေတိုး (NATO) အဖွဲ့ဝင် နိုင်ငံများကို တိုက်ခိုက်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခိုင်အမာ ပြောကြားလိုက်သည်။

ရုရှားနှင့် ဥရောပသမဂ္ဂ (EU) တို့ကလည်း ဤကဲ့သို့သော သတင်းများကို အခြေအမြစ်မရှိသည့် ကောလာဟလများအဖြစ် ပယ်ချခဲ့သည်။

အမေရိကန်နှင့် ရုရှား ထောက်လှမ်းရေး အကြီးအကဲများ၏ မော်စကိုမြို့ တွေ့ဆုံမှုမှာလည်း နေတိုးကို သတိပေးရန်ထက် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးဆိုင်ရာ ကိစ္စရပ်များသာဖြစ်ကြောင်း ဆိုသည်။ သ

သို့သော် ဒွန်ဘတ်စ် (Donbas) ဒေသမှ ယူကရိန်းတပ်များ ဆုတ်ခွာရန် ရုရှားဘက်က ဆက်လက်တောင်းဆိုနေသည်။  

စစ်မျက်နှာပြင်တွင်လည်း နှစ်ဖက်အပြန်အလှန် ဒရုန်းတိုက်ခိုက်မှုများကြောင့် အခြေအနေများ တင်းမာလျက် ရှိသည်။