နယူးဒေလီမှာ အိန္ဒိယ၊ ရုရှား၊ တရုတ်၊ အီရန် ခေါင်းဆောင်များ တွေ့ဆုံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂ ရက်ကြာ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် အီရန်သမ္မတ မာဆော့ ပီဇက်ရှကီယန် တို့ ရောက်ရှိလာကြပြီဟု BBC သတင်းတပုဒ်တွင် ဖော်ပြသည်။  

စနေနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖင်လည်း ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ယခုနှစ် အစည်းအဝေးမှာ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲများအပြင် ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုတွေကို အဓိက ဆွေးနွေးကြမည် ဖြစ်သည်။ အိမ်ရှင် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည် ရုရှား၊ အီရန် သမ္မတတို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖင်နှင့်လည်း သီးခြား တွေ့ဆုံဆွေးနွေးရန် ရှိနေသည်။

လွန်ခဲ့သည့် ၆ နှစ်က ဟိမဝန္တာ နယ်စပ် ပဋိပက္ခကြောင့် တင်းမာခဲ့သော အိန္ဒိယ-တရုတ် ဆက်ဆံရေးသည် ယခု ခရီးစဉ်မှတစ်ဆင့် ပြန်လည် ပြေလည်လာရန် မျှော်လင့်နေကြသော်လည်း မယုံသင်္ကာမှုများနှင့် ကုန်သွယ်ရေး လိုငွေပြမှုများ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် BRICS အဖွဲ့သည် ပြီးခဲ့သည့်နှစ်က အီရန်၊ ဆော်ဒီအာရေးဗီးယားနှင့် ယူအေအီး တို့ကို အဖွဲ့ဝင်အဖြစ် တိုးချဲ့ခဲ့သဖြင့် ယခုအခါ အဖွဲ့ဝင် ၁၁ နိုင်ငံ ထိ ရှိလာခဲ့သည်။

သို့သော် အရှေ့အလယ်ပိုင်း ပဋိပက္ခအပေါ် သဘောထား အမြင် ကွဲလွဲမှုများ ရှိနေသဖြင့် အဖွဲ့၏ စည်းလုံးညီညွတ်မှုအတွက် စိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

အိမ်ရှင် အိန္ဒိယသည် အမေရိကန်၊ အီရန်၊ အစ္စရေးတို့နှင့် ဆက်ဆံရေးကို မျှခြေရှိအောင် ထိန်းသိမ်းထားသကဲ့သို့ စွမ်းအင် အဓိက ဝယ်ယူနေသည့် ရုရှားနိုင်ငံနှင့်လည်း မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက် ခိုင်မာအောင် တည်ဆောက်ထားသည်။