တူရဂီနှင့် ပါကစ္စတန်တို့ ဆော်ဒီကို စစ်ရေး အကူအညီများ စတင်ပေးအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ဆော်ဒီအာရေဗျ၊ တူရကီနှင့် ပါကစ္စတန် သုံးနိုင်ငံသည် မက္ကာ ပူးတွဲကာကွယ်ရေး သဘောတူညီချက် (Mecca Joint Defense Agreement) အရ မဟာမိတ် ကာကွယ်ရေး မူဝါဒများကို စတင်ကျင့်သုံးလိုက်ပြီဖြစ်သည်။

အောက်တိုဘာ ၅ ရက်က ပြုလုပ်ခဲ့သော အရေးပေါ် အစည်းအဝေးအပြီးတွင် ဆော်ဒီနိုင်ငံအတွင်းသို့ တပ်အင်အားနှင့် စစ်ရေး အကူအညီများ အလျင်အမြန် စေလွှတ်တပ်ဖြန့်သွားမည်ဟု သုံးနိုင်ငံ စစ်ရေးကော်မတီက ပူးတွဲ ကြေညာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆော်ဒီ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်များသည် ပင်လယ်နီ ကမ်းရိုးတန်းတစ်လျှောက် မဟာဗျူဟာမြောက် ရေလက်ကြားဒေသဖြစ်သော ဘက်ဘ် အယ်လ် မန်ဒက် (Bab al-Mandeb) နှင့် မိုခါ (Mokha) ဆိပ်ကမ်းမြို့တို့ကို ဟူသီသောင်းကျန်းသူများ လက်အောက်မှ ပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။

ယီမင်အစိုးရတပ်သည် ဟူသီများ ထိန်းချုပ်ထားသည့် မြို့တော် ဆာနား (Sanaa) ကို ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေး စတင်နေပြီဟု ကြေညာထားသည်။

ဆော်ဒီ ဦးဆောင်သော မဟာမိတ်တပ်များကလည်း “Yemen Dawn” စစ်ဆင်ရေးအဖြစ် တိုက်လေယာဉ် အစီး ၁၀၀ ဖြင့် ပစ်ကူပေးလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုဘက်ကမူ ဆော်ဒီအာရေဗျနိုင်ငံ၏ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားထားသည်။