ခွေးငယ်လေးများက ခွေးကြီးများထက် အသက်ရှည်ရသည့် အကြောင်းရင်းကို ရှာတွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
ခွေးမျိုးစိတ်များအနက် ခွေးကြီးများသည် ခွေးသေးသေးလေးများထက် အသက်အရွယ် ကြီးရင့်မှု ပိုမိုမြန်ဆန်ပြီး သက်တမ်းတိုရသည့် ဇီဝဗေဒဆိုင်ရာ အကြောင်းအရင်းကို သိပ္ပံပညာရှင်များ စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု Arizona State တက္ကသိုလ်မှ သုတေသီများ ဦးဆောင်သည့် “ခွေး အသက်ကြီးရင့်မှု စီမံကိန်း” (Dog Aging Project) မှ ခွေးပေါင်း ၈၆၄ ကောင်၏ DNA များကို လေ့လာဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။
လေ့လာမှုအရ ခွေးများ၏ DNA အတွင်းရှိ ‘Jumping Genes’ သို့မဟုတ် နေရာရွှေ့ပြောင်းနိုင်သော မျိုးဗီဇဓာတ်များ (ထိန်ချုပ်မှုစနစ်) သည် အသက်ကြီးလာသည်နှင့်အမျှ လျော့နည်းလာသည်ကို တွေ့ရှိရသည်။
အဆိုပါ ထိန်းချုပ်မှု လျော့နည်းသွားသည့်အခါ မျိုးဗီဇများ ပျက်စီးကာ ကင်ဆာနှင့် အခြား အသက် အရွယ်ဆိုင်ရာ ရောဂါများကို ပိုမိုဖြစ်ပွားစေသည်။
အထူးသဖြင့် ခွေးကြီးများသည် ခွေးသေးများထက် အဆိုပါ မျိုးဗီဇ ထိန်းချုပ်မှု လော့ကျသွားသည့်နှုန်း သည် ကိန်းဂဏန်းအားဖြင့် တစ်နှစ်လျှင် ၃၅ ရာခိုင်နှုန်းမက ပိုမိုမြန်ဆန်နေကြောင်း တွေ့ရှိရသည်။
ဒါ့အပြင် လေ့လာမှုတွင် ခွေးအထီးနှင့် ခွေးအမများအကြား အသက်ကြီးရင့်မှု ပုံစံ ကွဲပြားပြီး ခွေးအမ များက အသက်ပိုရှည်ကြောင်း တွေ့ရှိခဲ့ရသည်။
အဆိုပါ တွေ့ရှိချက်သည် ခွေးများအတွက်သာမက လူသားများ၏ သက်တမ်းရှည်ရေးနှင့် အသက်ကြီး ရင့်မှုဆိုင်ရာ ဆေးဝါးသုတေသနများအတွက်ပါ အထောက်အကူပြုနိုင်မည်ဟု သုတေသီများက မျှော် လင့်နေကြသည်။