ပုပ်ရဟန်းမင်းကြီးတွင် ကင်ဆာ ရောဂါတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ အဆုတ်အတွင်းမှ အဖုအကျိတ်ကို ခွဲစိတ်ဖယ်ရှားပြီးနောက် ၎င်းတွင် အဆုတ်ကင်ဆာရောဂါ ခံစားနေရကြောင်း ဗာတီကန်နန်းတော်က တရားဝင် အတည်ပြု ထုတ်ပြန် လိုက်သည်။

ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များအရ ပုပ်ရဟန်းမင်းကြီး၌ ဖြစ်ပွားနေသည့် ကင်ဆာမှာ အဖြစ်များသော အဆုတ်ကင်ဆာ အမျိုးအစားတစ်ခုဖြစ်သည့် “အဒီနိုကာစီနိုမား” (Adenocarcinoma) ဖြစ်ကြောင်း သိရသည်။

ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အဆိုပါရောဂါမှာ အန္တရာယ်ကြီးမားသော်လည်း ရောဂါ အစောပိုင်းအဆင့်တွင် စောစီးစွာ သိရှိကုသနိုင်ပါက ပျောက်ကင်းနိုင်ခြေ မြင့်မားကြောင်းနှင့် လက်ရှိ ပုပ်ရဟန်းမင်းကြီး၏ အခြေအနေမှာလည်း ရောဂါအစောပိုင်းအဆင့်တွင် ရှိနေသည်။

အဆုတ်ကင်ဆာသည် ဆေးလိပ်သောက်သုံးခြင်းကြောင့် အဓိက ဖြစ်ပွားလေ့ရှိသော်လည်း ဆေးလိပ် မသောက်သူများတွင်လည်း လေထုညစ်ညမ်းမှု၊ ရေဒွန်ဓာတ်ငွေ့ စသည်တို့နှင့် ထိတွေ့မှုကြောင့် ဖြစ်ပွား နိုင်ကြောင်း ကျန်းမာရေးပညာရှင်များက ထောက်ပြထားသည်။

လက်ရှိတွင် ပုပ်ရဟန်းမင်းကြီးသည် ခွဲစိတ်ကုသမှုအပြီး ဆေးရုံ၌ အနားယူလျက်ရှိကြောင်း ဗာတီကန် က သတင်းထုတ်ပြန်ထားသည်။