အာဖရိက၏ အကောင်းဆုံး မိတ်ဖက်အဖြစ် ရုရှားကို ပူတင် ပုံဖော်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။

မော်စကိုမြို့၌ ကျင်းပသည့် (၃) ကြိမ်မြောက် ရုရှား-အာဖရိက ထိပ်သီးအစည်းအဝေးတွင် သမ္မတ ဗလာဒီမီယာ ပူတင်က အာဖရိကနိုင်ငံများအတွက် အနောက်အုပ်စုထက် ရုရှားသည် ပိုမိုကောင်းမွန်သော မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဖရိက ၄၈ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် အဆိုပါ အစည်းအဝေး၌ အနောက်နိုင်ငံများသည် ကိုလိုနီခေတ် စိတ်ဓာတ်ဖြင့် သယံဇာတများကို ခေါင်းပုံဖြတ်ရန် ကြိုးပမ်းနေကြောင်း ပူတင်က စွပ်စွဲခဲ့သည်။

ရုရှားအနေဖြင့် နည်းပညာ မျှဝေရေး၊ ဒေသတွင်း ထုတ်လုပ်မှုနှင့် အလုပ်အကိုင် ဖန်တီးပေးရေးတို့တွင် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

ယူကရိန်းစစ်ပွဲကြောင့် အနောက်အုပ်စု၏ ပိတ်ဆို့မှုကို ရင်ဆိုင်နေရသည့် မော်စကိုအစိုးရသည် အာဖရိကတိုက်၌ သဩဇာလွှမ်းမိုးနိုင်ရန် စီးပွားရေး၊ လုံခြုံရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် တိုးမြှင့် လုပ်ဆောင်လျက် ရှိသည်။