ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူ ဂျိုရွာဝေါင်းကို ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်

ဟောင်ကောင်၏ နာမည်ကျော် ဒီမိုကရေစီရေး လှုပ်ရှားသူ ဂျိုရွာဝေါင်း (Joshua Wong) ကို ပေကျင်းအစိုးရက ပြဋ္ဌာန်းထားသည့် အမျိုးသားလုံခြုံရေးဥပဒေဖြင့် နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်လိုက်သည်။

အသက် ၃၀ အရွယ် ဂျိုရွှာဝေါင်းသည် အမျိုးသားလုံခြုံရေး အမှုတစ်ခုဖြင့် ထောင်ဒဏ် ၄ နှစ်နှင့် ၈ လ ကျခံနေရဆဲဖြစ်ပြီး လာမည့် ဇန်နဝါရီလတွင် ပြန်လည် လွတ်မြောက်ရန် ရှိနေခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် “နိုင်ငံခြား အင်အားစုများနှင့် ပူးပေါင်း၍ အမျိုးသားလုံခြုံရေးကို ထိခိုက်အောင် ဆောင်ရွက်မှု” ဟူသည့် စွပ်စွဲချက်အသစ်ဖြင့် ထပ်မံ တရားစွဲဆိုခံရကာ နိုဝင်ဘာ ၅ ရက်တွင် ဟောင်ကောင် တရားရုံးက အဆိုပါ ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီး ဝီလျံတမ် (William Tam) က ဂျိုရွှာဝေါင်းသည် တက်ကြွ လှုပ်ရှားသူ နာသန်လော (Nathan Law) နှင့်အတူ အမေရိကန် အပါအဝင် နိုင်ငံခြား အရာရှိများနှင့် ပူးပေါင်း၍ တရုတ်နှင့် ဟောင်ကောင် အရာရှိများကို ပိတ်ဆို့အရေးယူရန် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲပြောကြားသည်။

အဆိုပါ ပြစ်ဒဏ် ချမှတ်မှုနှင့် ပတ်သက်၍ အမေရိကန် အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ဂျိုရွှာဝေါင်းကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ဂျိုရွှာဝေါင်းသည် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက ကျောင်းသားခေါင်းဆောင်အဖြစ် ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ရှေ့တန်းမှ ဦးဆောင်ခဲ့သူ ဖြစ်သည်။