Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

OPENING DAY 3 KNU Leader

  • April 3, 2016
Yawd Serk
တိုင်းရင်းသားခေါင်းဆောင်များ၏ နှစ်သစ်ဆုတောင်း

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • ဟန်ဂေရီက ရုရှားသံတမန် ၁၀ ဦးကို ပြည်နှင်ဒဏ်ပေး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ ဟန်ဂေရီအစိုးရသည် သံတမန်ကျင့်ဝတ်နှင့် မညီသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ နိုင်ငံအတွင်းရှိ ရုရှားသံတမန် ၁၀ ဦးအား ထွက်ခွာရန် အင်္ဂါနေ့တွင် မိန့်ထုတ်ခဲ့သည်။ ဟန်ဂေရီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အနီတာ အိုဘန် (Anita Orban) က ယခုလုပ်ဆောင်ချက်သည် နိုင်ငံ၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ခြင်းဖြစ်ပြီး ရုရှားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခြင်း မဟုတ်ကြောင်း ပြောကြားသည်။ အဆိုပါ ပြည်နှင်ဒဏ်ပေးမှုအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ (Maria Zakharova) က ပြင်းထန်ပြီး နာကျင်စေမည့် တုံ့ပြန်မှုမျိုး ပြန်လည်လုပ်ဆောင်သွားမည်ဟု တာ့စ် (TASS) သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှား ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် အများစုက ရုရှားသံတမန်များကို ပြည်နှင်ဒဏ်ပေးခဲ့သော်လည်း ဟန်ဂေရီသည် မော်စကိုနှင့် နီးကပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ရာမှ ယခုကဲ့သို့ စစ်ရေးနှင့် သံတမန်ရေးရာ ရပ်တည်ချက် အပြောင်းအလဲ ပြုလုပ်လာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂဘက်ကလည်း ဟန်ဂေရီ၏ တရားဝင် ဆုံးဖြတ်ချက်အပေါ် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထောက်ခံထားသည်။ #ဟန်ဂေရီ
    ဟန်ဂေရီက ရုရှားသံတမန် ၁၀ ဦးကို ပြည်နှင်ဒဏ်ပေး — September 10, 2026 5:19 pm
  • ရုရှား ပင်လယ်နက် ရေတပ်စခန်းကို ယူကရိန်း တိုက်ခိုက်၊ စစ်သင်္ဘောနှင့် စစ်လက်နက်များ ပျက်စီး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ ရုရှား၏ နိုဗိုရော့စစ်စခ် (Novorossiysk) ရေတပ်စခန်းကို ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးနှင့် ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာ ၈ ရက်နှင့် ၉ ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုရှား၏ ဒုံးကျည်တင် စစ်သင်္ဘော အက်ဒ်မိုင်ရယ် အက်ဆင် (Admiral Essen) ထိမှန်ပြီး မီးလောင်ကျွမ်းခဲ့သည်။ ယူကရိန် ဒရုန်းများသည် နိုဗိုရော့စစ်စခ် မြို့ပေါ်နှင့် ဆိပ်ကမ်းရှိ လောင်စာဆီ ဂိုဒေါင်များကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှား ဒေသဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း ဆိပ်ကမ်းရှိ ရုရှား ဒုံးကျည်တင် လှေအချို့၊ Su-33 တိုက်လေယာဉ်တစ်စီး၊ Mi-8 ဟယ်လီကော်ပတာတစ်စီးနှင့် လေကြောင်းရန် ကာကွယ်ရေး ရေဒါစနစ်နှစ်ခုကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းဘက်က ပြောကြားထားသည်။ #Novorossiysk
    ရုရှား ပင်လယ်နက် ရေတပ်စခန်းကို ယူကရိန်း တိုက်ခိုက်၊ စစ်သင်္ဘောနှင့် စစ်လက်နက်များ ပျက်စီး — September 10, 2026 5:17 pm
  • တရုတ် ဟာဝေးကုမ္ပဏီကို ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန် တရားစွဲဆို သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် ဟာဝေး (Huawei) သည် ကမ္ဘာ့ဆက်သွယ်ရေးကဏ္ဍတွင် ထိပ်တန်းရောက်ရှိရေးအတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန် ကုမ္ပဏီများထံမှ နည်းပညာနှင့် လျှို့ဝှက်ချက်များကို မသမာသည့်နည်းဖြင့် ခိုးယူခဲ့ကြောင်း အမေရိကန် တရားရေးဌာန ရှေ့နေက နယူးယောက်မြို့ တရားရုံးတွင် စတင် စွပ်စွဲပြောဆိုလိုက်သည်။ ထို့ပြင် အီရန်နိုင်ငံတွင်း စီးပွားရေးလုပ်ဆောင်မှုကို ဖုံးကွယ်ရန် အမေရိကန် ဘဏ်စနစ်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်းပါ စွပ်စွဲထားသည်။ ဟာဝေးဘက်မှ ရှေ့နေများက ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြသည်။ သာမန် ဝန်ထမ်းအချို့၏ လွဲမှားသည့် ပြုလုပ်မှု အသေးအဖွဲများကို အစိုးရဘက်က ရာဇဝတ်မှုအဖြစ် ပုံဖော်နေခြင်းဖြစ်ကြောင်းနှင့် ဟာဝေး၏ အောင်မြင်မှုမှာ နည်းပညာသစ်များ ကြိုးစားဖန်တီးမှုကြောင့်သာ ဖြစ်ကြောင်း တုံ့ပြန်ချေပခဲ့သည်။ ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် အဆိုပါ အမှုစစ်ဆေးရေး လုပ်ငန်းစဉ်သည် ၃ လခန့် ကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ #Huawei
    တရုတ် ဟာဝေးကုမ္ပဏီကို ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန် တရားစွဲဆို — September 10, 2026 5:14 pm

Recent Posts

  • လေးမျက်နှာ၌ ငဝန်တာဘောင် ပြန်ကျိုးသဖြင့် မြို့ပေါ်သို့ ရေများ ပြန်လည်ဝင်ရောက်
  • ဗန်းမော်စစ်ကူ စစ်သင်္ဘောများ ဆက်တိုက် တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးမှုများပြား
  • ပဲခူး-ရခိုင်အစပ် ပန်းတောင်း၌ တိုက်ပွဲများ ၄ ရက်ဆက် ပြန်လည်ပြင်းထန်လာ
  • စစ်ဘေးရှောင် ၁ သိန်း ၈ သောင်းကျော်အတွက် ချင်းပြည်တွင် အရေးပေါ် အကူအညီ လိုအပ်
  • တိုက်ပွဲများနှင့် ဗုံးကြဲမှုများကြားမှ ၈၇ နှစ်မြောက် အရှင်ဥတ္တမနေ့ ဂါရဝပြုကျင်းပ

Archives

Related Posts

လေးမျက်နှာ၌ ငဝန်တာဘောင် ပြန်ကျိုးသဖြင့် မြို့ပေါ်သို့ ရေများ ပြန်လည်ဝင်ရောက် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာကျိုးပေါက်မှုကို တစ်လကျော်ကြာ ပြုပြင်ပြီးနောက် ရေဝင်မှု ထိန်းချုပ်နိုင်ပြီဟု စစ်အုပ်စုက ထုတ်ပြန်ကြေညာခဲ့သော်လည်း ကြေညာပြီး နောက်တစ်ရက်၌ပင် တာဘောင် ထပ်မံကျိုးပေါက်ကာ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရေများ ပြန်လည်ဝင်ရောက်နေကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ကတည်းက စတင်ကျိုးပေါက်ခဲ့သည့် ငဝန်တာဘောင် ရေဝင်လမ်းကြောင်းကို ပြန်လည်ပိတ်ဆို့နိုင်ပြီဟု စစ်အုပ်စု၏ ဧရာဝတီတိုင်း အစိုးရအဖွဲ့နှင့် စစ်အုပ်စုက စက်တင်ဘာလ ၈ ရက်နေ့တွင် ကြေညာခဲ့ သည်။ သို့သော်လည်း စက်တင်ဘာလ ၉ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် ပြုပြင်ထားသည့် အတွင်းပိုင်း သံတိုင်များ မြစ်ရေစီးအားကြောင့် ကွေးဝင်ပျက်စီးကာ ပေ ၂၀ အကျယ်ခန့် ထပ်မံကျိုးပေါက်ခဲ့ခြင်း ဖြစ်သည်။ တာဘောင် ပြန်ကျိုးသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းရင်းမြစ်တစ်ဦးက “တာဘောင် ပိတ်တာပြီးလို့ ပြုပြင် တဲ့ အဖွဲ့တွေတောင် ဆင်းမသွားရသေးဘူး၊ မြစ်ရေစီးအားက ပြင်းလွန်းတော့ ရေတားဖို့ စိုက်ထားတဲ့ သံဘောင် တွေ ကွေးထွက်သွားပြီး ပေ ၂၀ လောက် အပေါက်ကြီး ပြန်ဖြစ်သွားတာ” ဟု ပြောသည်။ တာဘောင် ပြန်လည်ကျိုးပေါက်သွားသည့်အတွက် ရေဝင်ပေါက်များ ပိုမိုကျယ်ပြန့်လာပြီး ရေအနက် တစ်ပေ ကျော်အထိ ချက်ချင်း တက်လာကာ ပြီးခဲ့သည့်ရက်ပိုင်းက ရေပြန်ကျသွားသည့် အိုင်သပြုလမ်းဆုံ လမ်းမကြီး အထိ ရေများ ပြန်လည်ကျော်လွန် ဝင်ရောက်လာနေသည်။ ထိုသို့ ရေများ ထပ်မံဝင်ရောက်လာမှုကြောင့် ရေကျချိန်၌ မိမိတို့နေအိမ်များသို့ ပြန်လည်နေထိုင်ကြသည့် အနိမ့် ပိုင်း ရပ်ကွက်သူ ရပ်ကွက်သားများအနေဖြင့် စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းမှစ၍ ဘေးလွတ်ရာသို့ အရေးပေါ် ပြန်လည်ပြောင်းရွှေ့နေကြရသည်။ အမည်မဖော်လိုသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “တာဘောင်ကို အပြီးထိန်းချုပ်နိုင်ပြီလို့ ကြေညာတာ ရယ်၊ လက်တွေ့မှာလည်း ရေတားနိုင်တာကို မြင်ရတော့ လူတွေက ရေကျတာနဲ့ အိမ်ပြန်သန့်ရှင်းရေးလုပ် အိမ်ပြန်နေကြမယ်ပေါ့ အဲ့လိုနဲ့ ပြန်ကြတာ။ အခုကျတော့ ရေက ရုတ်တရက် ပြန်တက်လာတော့ ဘာမှ မပြင် ဆင်ရသေးဘဲ ထပ်ပြောင်းရတာပေါ့” ဟု ပြောသည်။ လက်ရှိတွင် ရေဝင်စီးအား တဖြည်းဖြည်း သန်မာလာနေပြီး ရေဘေးသင့်ပြည်သူများကို ကူညီပေးနိုင်ရန် လူမှုကူညီရေး အသင်းအဖွဲ့အချို့က ညတွင်းချင်း လာရောက်စောင့်ဆိုင်း ကူညီပေးနေကြရသည်။ မြေပြင်တွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးကလည်း “အဓိက ကတော့ ရေဝင်ပေါက် ထပ် မကျယ်သွားဖို့ပဲ၊ ရေပေါက်သာ ပိုကျယ်သွားရင် ရေတက်နှုန်းက အများကြီး ပိုမြန်လာမှာ။ လက်ရှိ ရေဝင်နေ တဲ့ အရှိန်နဲ့ ဆိုရင်တော့ အချိန်မီ ပြန်ပိတ်ဖို့က လုံးဝ မလွယ်သေးဘူး” ဟု ပြောသည်။ ငဝန်မြစ်ရေတားဆီးရန် အတွင်းတာဘောင်နှင့် အပြင်တာဘောင် နှစ်ထပ်ပိတ်ဆို့ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်လနှင့် ၄ ရက်ကျော်ကြာ ပြုပြင်ခဲ့ရသည့် အတွင်းတာဘောင်မှာ မကြာသေးမီကမှ ပြီးစီးခဲ့သော်လည်း ရေစီးအားကြောင့် ချက်ချင်းဆိုသလို ပြန်လည်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ် အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ် မှ ကျေးရွာပေါင်း ရာချီနှင့် ပြည်သူ သိန်းချီ ရေဘေးသင့်ခဲ့ရပြီး လက်ရှိ ထပ်မံကျိုးပေါက်သည့် အခြေအနေနှင့် ပတ်သက်၍ စစ်အုပ်စုဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ #ငဝန်တာကျိုး

လေးမျက်နှာ၌ ငဝန်တာဘောင် ပြန်ကျိုးသဖြင့် မြို့ပေါ်သို့ ရေများ ပြန်လည်ဝင်ရောက်

  • September 10, 2026

စစ်ဘေးရှောင် ၁ သိန်း ၈ သောင်းကျော်အတွက် ချင်းပြည်တွင် အရေးပေါ် အကူအညီ လိုအပ်

  • September 10, 2026

AA ထိန်းချုပ်နယ်မြေ ၅ ခုကို စစ်တပ်က ‘၄၉၂၆ စစ်ဆင်ရေး’ ဖြင့် ထိုးစစ်ဆင်နေသော်လည်း ခြေမချနိုင်သေး

  • September 10, 2026
ဗန်းမော်စစ်ကူ စစ်သင်္ဘောများ ဆက်တိုက် တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးမှုများပြား သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ ကချင်ပြည်၊ ဗန်းမော် စစ်မြေပြင်သို့ စစ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းရန် ကြိုးပမ်းလာသည့် စစ်အုပ်စု၏ ရေယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ဆက်တိုက်ပစ်ခတ် တိုက်ခိုက် ခဲ့ရာ စစ်အုပ်စုတပ်၏ သင်္ဘောအများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း KIO/KIA နှင့် မြေပြင် သတင်းရင်းမြစ် များ က ပြောသည်။ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အခု ၂ သုတ်ရှိပါပြီတက်တာ။ ပထမအသုတ် ၁၄ စီးလို့ ပြောတာပေါ့နော်။ ခြောက်စီး ခုနှစ်စီးကတော့ ဗန်းမော်ဖက်မှာ ပြန်ဝင်တာ။ ကျန်တဲ့ဟာကတော့ လမ်းမှာ ပျောက် သွားတာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံပြီးမှ မီးလောင်တာတွေ ရေနစ်သွားတာတွေ ရှိပါတယ်” ဟု စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြောသည်။ မန္တလေးဘက်မှ ရွှေကူဘက်သို့ ဆန်တက်လာသည့် သင်္ဘောများနှင့် ဗန်းမော်ဘက်မှ ပြန်လည်စုန်ဆင်းလာသည့် သင်္ဘောများကို ရွှေကူမြို့နယ်၊ စင်းခန်း-ဇင်းဘုံ ကျေးရွာ ဝန်းကျင်နှင့် စင်းခန်းတံတား အနီးတို့တွင် KIA ပူးပေါင်း တပ်များက ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “နောက်ဒုတိယအသုတ်ကတော့ သုံးစီးလို့ ပြောတယ်။ ငါးစီးလို့လည်း ပြောတယ်။ ဒါပေမယ့် အတိအကျတော့ မသိဘူး။ အဲဒါကတော့ ရွှေကူရောက်တယ်။ ရွှေကူမှာ ပစ္စည်းတင်တဲ့ သင်္ဘောတစ်စီးကို ပစ်ခတ်ခံလို့ မီးလောင် သွားတယ်။ အဲဒါကို သွားကယ်ဖို့ မနေ့က ဗန်းမော်ဖက်မှာ ရောက်လာတဲ့ သင်္ဘောတွေ ပြန်ပြီးမှ ဆင်းတယ်။ စုန်ဆင်းပြီးမှ သွားကြိုဖို့ သွားကယ်ဖို့ ၄ စီးရှိပါတယ်။ အဲဒါကို မနေ့က လမ်းမှာ တိုက်ခိုက်ပြီးမှ မီးလောင်တာ တွေ ရေထဲမှာ မြုပ်သွားတာတွေ ဆိုတော့ ၄ စီးက မနေ့က ပျောက်သွားတာ ဖြစ်ပါတယ်။ အခြေအနေက အဲလိုပါခင်ဗျာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။ ထို့ပြင် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနှင့် ပေပင်ဆိပ်ကမ်းတို့မှ စက်တင်ဘာလ ၄ ရက်တွင် ထွက်ခွာလာသည့် ဒုတိယအကြိမ် ရေကြောင်းစစ်ကြောင်းထဲမှ ရေယာဉ် ၉ စီးအနက်မှ အချို့မှာလည်း မြစ်အထက်ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ရေကြောင်းစစ်ကြောင်း ရွှေကူသို့ ရောက်ရှိလာသည့် အခြေအနေနှင့် ပတ်သက်၍ ဒေသတွင်း သတင်း ရင်းမြစ်တစ်ဦးက ယခုကဲ့သို့ ပြောသည်။ “စက်တင်ဘာ ၈ ရက်က ရွှေကူကို စစ်သင်္ဘောနဲ့ တွဲတွန်း ရေယာဉ် အပါအဝင် စုစုပေါင်း ၉ စီး ရောက်လာတာ ပါ။ စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းမှာ မြစ်အထက်ဘက်ကို နည်းနည်း ဆန်တက်ဖို့ ကြိုးစားတုန်း ပစ်ခတ်ခံရ ပြီး မီးလောင်သွားတာ” ဟု ပြောသည်။ ဩဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလ ၉ ရက်နေ့အထိ သတင်းပတ် နှစ်ပတ်အတွင်း ဗန်းမော်ဘက်သို့ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရန် လာရောက်သည့် စစ်အုပ်စု၏ တိုက်ခိုက်ရေးနှင့် ကုန်တင်သင်္ဘော ၁၄ စီး ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည့်အပြင် စစ်အုပ်စု တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၅၀ နီးပါးကိုလည်း စစ်သုံ့ပန်း အဖြစ် KIA က ဖမ်းဆီးရမိထားသည်။ ဒေသခံတစ်ဦးကလည်း “စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာတင် စုန်ဆင်းလာတဲ့ သင်္ဘောတွေရော၊ ဆန်တက်ဖို့ လုပ်နေတဲ့ သင်္ဘောတွေပါ ဆက်တိုက် တိုက်ခံရတာပါ။ တချို့သင်္ဘောတွေဆို ရေထဲမြုပ်သွားသလို၊ တချို့လည်း မီးတွေလောင်ပြီး မျောသွားတာတွေ ရှိတယ်ဗျ” ဟု ပြောသည်။ စစ်အုပ်စုတပ်သည် ဩဂုတ်လ ၂၁ ရက်က ပထမအကြိမ် စေလွှတ်ခဲ့သည့် ရေယာဉ် ၁၅ စီးပါ ရေယာဉ်တန်း စစ်ကြောင်းတွင်လည်း KIA ၏ တိုက်ခိုက်မှုကြောင့် အများအပြား ပျက်စီးခဲ့ပြီး ရေယာဉ် ၇ စီးခန့်သာ ဗန်းမော်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေကူနှင့် ဗန်းမော်ကြား စစ်အုပ်စုတပ် သင်္ဘောများ ဆက်တိုက် တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်အုပ်စုဘက်က စက်တင်ဘာလ ၁၀ ရက်နေ့အထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ ဓါတ်ပုံ - CJ #ဗန်းမော်

ဗန်းမော်စစ်ကူ စစ်သင်္ဘောများ ဆက်တိုက် တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးမှုများပြား

  • September 10, 2026

တိုက်ပွဲများနှင့် ဗုံးကြဲမှုများကြားမှ ၈၇ နှစ်မြောက် အရှင်ဥတ္တမနေ့ ဂါရဝပြုကျင်းပ

  • September 10, 2026

ဟန်ဂေရီက ရုရှားသံတမန် ၁၀ ဦးကို ပြည်နှင်ဒဏ်ပေး

  • September 10, 2026
ပဲခူး-ရခိုင်အစပ် ပန်းတောင်း၌ တိုက်ပွဲများ ၄ ရက်ဆက် ပြန်လည်ပြင်းထန်လာ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း အနီးဝန်းကျင်၌ အာရက္ခ တပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့ကြား တိုက်ပွဲများ ၄ ရက်ဆက်တိုက် ပြင်းထန်လာကြောင်း မြေပြင် စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။ ပဲခူး-ရခိုင်အစပ် ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်း ညောင်ကျိုးကျေးရွာ ဝန်းကျင်တွင် စစ်အုပ်စုတပ် စစ်ကြောင်းနှင့် AA တို့သည် စက်တင်ဘာလ ၇ ရက်မှ ၁၀ ရက်နေ့အထိ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။ စစ်အုပ်စုတပ်သည် အင်အားဖြည့်တင်းမှုများ ပြုလုပ်ပြီးနောက် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် ဩဂုတ်လ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ခေတ္တငြိမ်သက်နေရာမှ ယခုစက်တင်ဘာလဆန်းတွင် တိုက်ပွဲများ ပြန်လည် စတင်လာခဲ့ခြင်း ဖြစ်သည်။ ပဲခူးတိုင်းဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “ပြန်ဖြစ်လာတာ ဒီရက်ထဲ တိုက်ပွဲ မပြင်း ထန်ပေမယ့် ပစ်ခတ်သံတွေ ဆက်တိုက်ပဲ ကြားရတယ်။ ကပစ (၁၆) မသုန်ရွာဝန်းကျင်နဲ့ ညောင်ကျိုးပတ် ဝန်းက ရခိုင်ရိုးမတောင်ခြေနဲ့ ၅ မိုင်လောက်အကွာမှာ ဖြစ်နေတာပါ” ဟု ပြောသည်။ အဆိုပါဒေသတွင် စစ်အုပ်စုတပ်က ဒရုန်းများနှင့် ပါရာမိုတာများ အသုံးပြု၍ ပစ်ကူပေးကာ မြေပြင်မှ ထိုးစစ် ဆင်လာခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။ လက်ရှိအခြေအနေအရ စစ်အုပ်စုတပ် စစ်ကြောင်း သည် ပွိုင့် ၆၆၆ ကုန်းအထိ ရောက်ရှိလာခြင်း မရှိသေးဘဲ လမ်းကြောင်းတစ်လျှောက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကာ ရိုးတောင်ကျော်လမ်းနှင့် အနီးဝန်းကျင်ဒေသများတွင် စစ်ရေးတင်းမာလျက်ရှိသည်။ ထို့ပြင် ရိုးတောင်ကျော်လမ်း ညောင်ကျိုးရွာ ဝန်းကျင်၊ ပန်းကန်ကွဲရွာ၊ မသုန်ရွာ ဝန်းကျင်နှင့် လေလာတောင် ဝန်းကျင်တို့၌ စစ်ရေးတင်းမာနေသည့်အပြင် ဥသျှစ်ပင်တပ်နယ် ကပစ (၁၆) အနီးရှိ ကာကင်းစခန်းများနှင့် ကျေးရွာဝန်းကျင်များတွင်လည်း နှစ်ဘက်စစ်ရေး လှုပ်ရှားမှုများ ရှိနေသည်။ မြေပြင် စစ်ရေးသတင်းရင်းမြစ်က “သူတို့ စစ်တပ်နဲ့ နီးစပ်သူတွေ ပြောပြတာက ပွိုင့် ၆၆၆ ကုန်း အနီးပတ်ဝန်း ကျင်မှာ ချနေတာလို့ ပြောတယ်။ စစ်တပ်က ပြီးခဲ့တဲ့လက တက်တဲ့ စစ်ကြောင်းတွေလည်း ထိခိုက်တာရှိတယ်။ အခုစစ်ကြောင်းတွေ ရိုးနားမှာပဲ ရှိတယ်” ဟု ပြောသည်။ ညောင်ကျိုးကျေးရွာအနီး ရိုးမအခြေ သူရဲတန်းကြီး ကြိုးဝိုင်းအတွင်း တိုက်ပွဲအချို့ ရှိလာရာမှ မသုန်ကျေးရွာအနီး ရှိ စစ်အုပ်စုတပ်၏ ကျွဲကန် အထက်တောင်ညိုကြီးစခန်း အနီးအထိ AA နှင့် ပူးပေါင်းတပ်များက ထိုးဖောက် ဝင်ရောက် တိုက်ခိုက်လာခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ညောင်ကျိုးနှင့် ကပစ (၁၆) မသုန်ဒေသတို့သည် ရခိုင်ရိုးမ တောင်တန်းပေါ်နှင့် တောင်ခြေတွင် တည်ရှိသည့် ကြားစခန်းများနှင့် ကျေးရွာများဖြစ်သဖြင့် ရခိုင်ရိုးမနှင့် တစ်ဆက်တည်း တည်ရှိနေသည်။ လက်ရှိတွင် မသုန်ကျေးရွာအခြေစိုက် ကပစ (၁၆) နှင့် ကျောက်ဖူးကျေးရွာအခြေစိုက် ကပစ (၉) တို့မှ လက်နက် ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေရသည့်အပြင် လေကြောင်းမှပါ စစ်ကူပေးလျက်ရှိသည်။ အဆိုပါ တိုက်ပွဲများနှင့် AA အပါအဝင် တော်လှန်ရေးတပ်များ၏ ထိုးဖောက်ဝင်ရောက်မှုများကြောင့် ပဲခူးတိုင်း အနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်အုပ်စုတပ်၏ လက်နက်နှင့် ခဲယမ်းထုတ်လုပ်ရေး ကပစ စက်ရုံ များအတွက် အမိုးနီးယား အက်ဆစ်များ သယ်ဆောင်သည့် ယာဉ်တန်းများသည် ပုံမှန်အသုံးပြုနေကျ ရန်ကုန်-ပြည် လမ်းကြောင်းကို မသုံးရဲတော့ဘဲ ပုသိမ်-မုံရွာ လမ်းကြောင်းအတိုင်း ဧရာဝတီတိုင်းအတွင်းမှ ကွေ့ပတ် မောင်းနှင်နေကြရသည်။ ပုံစာ - ပန်းတောင်း-တောင်ကုတ်လမ်း နယ်ခြားဆိုင်းဘုတ်အား တွေ့ရစဉ် / (ဓါတ်ပုံ - RFA - ပုံဟောင်း) #ပန်းတောင်းမြို့နယ်

ပဲခူး-ရခိုင်အစပ် ပန်းတောင်း၌ တိုက်ပွဲများ ၄ ရက်ဆက် ပြန်လည်ပြင်းထန်လာ

  • September 10, 2026

တနင်္သာရီတိုင်း မောတောင်၌ လူတဦး သေဆုံးခဲ့သော လူနာတင်ကား ပစ်ခတ်မှု လက်သည် မပေါ်သေး

  • September 10, 2026

ရုရှား ပင်လယ်နက် ရေတပ်စခန်းကို ယူကရိန်း တိုက်ခိုက်၊ စစ်သင်္ဘောနှင့် စစ်လက်နက်များ ပျက်စီး

  • September 10, 2026
×Close